Sunday, May 3, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeNewsLocal Newsချောင်းသာကျေးရွာ၊ သဲဖြူကျွန်း ပင်လယ်ပြင်အတွင်း...

ချောင်းသာကျေးရွာ၊ သဲဖြူကျွန်း ပင်လယ်ပြင်အတွင်း ငွေကျပ် ၅ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော် ဖမ်းဆီးရမိ

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာကျေးရွာအနီး သဲဖြူကျွန်း၏ အနောက်မြောက်ဘက် ရေမိုင် ၅ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ငွေကျပ် ၅ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော်ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

သဲဖြူကျွန်း ပင်လယ်ပြင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မတ်လ (၁) ရက် နေ့လယ် (၁၂) နာရီခွဲအချိန်က မသင်္ကာဖွယ် စက်လှေအား စစ်ဆေးခဲ့ရာ စက်လှေပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၅ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကို စစ်ဆေးဖော်ထုတ်ချက်အရ မတ်လ(၁)ရက် ည နေ (၃) နာရီအချိန်၌ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မောင်မောင်လေး(ခ)သိန်းဝင်းအား ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ယင်းနေ့ ညနေ (၅) နာရီအချိန်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ တင်ပို့ပေးခဲ့သူများဖြစ်သည့် ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာမှ ဝင်းသိန်းထွန်း(ခ)နေသူနှင့် လင်းထွန်းဟန်(ခ)သားပုတို့ (၂) ဦးအား စက်လှေတစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈ နာရီခွဲခန့်တွင် ရဲအရာရှိများက သတင်းပို့ချက်ရရှိခဲ့ကြောင်း မြောင်စမွတ်ပရာကန်ရဲစခန်း အကြီးအကဲ ရဲမှူးကြီး ချက်ကရစ် သီရိုဂျာနာကူလ်က ပြောကြားခဲ့သည်။        သတင်းပို့ချက်များအရ ရဟတ်ယာဉ်သည် နှစ်ယောက်စီး Guimbal Cabri G2 ဖြစ်ပြီး ဒေသခံစက်ရုံပိုင်ရှင်က ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့ကာ နည်းပညာရှင်တစ်ဦး လိုက်ပါသွားခဲ့သည်။ နှစ်ဦးစလုံး ဒ-ဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး အရေးပေါ်ဆေးအဖွဲ့များက အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။        နည်းပညာပိုင်းဆိုင်ရာ...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်( ၉၃) နှစ်ပြည့်မွေးနေ့အလှူသို့ နဝကမ္မအလှူငွေများ ဆပ်ကပ်

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယနေ့(မေလ ၃ ရက်နေ့)တွင် ပုသိမ်-ချောင်းသာလမ်း (၂၃)မိုင်ရှိ အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော် မင်္ဂလာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်၍ နဝကမ္မအလှူငွေ နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည်

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အုပ်စု(A)သည် မနက်ဖြန် မေ ၄ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လည် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု(B)သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ၊ ညနေ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071