ပြည်ပသို့ အလုပ်သမားစေလွှတ်သည့် အေဂျင်စီများအနက် ဂျပန်သို့ စေလွှတ်သည့် အေဂျင်စီအများစု တိုင်ကြားခံရမှုအနည်းဆုံးဖြစ်ဟုဆို

0
154

ပြည်ပအလုပ်အကိုင် အေဂျင်စီများမှတဆင့် ပြည်ပသို့အလုပ်သမားစေလွှတ်ရာတွင် ဂျပန်နိုင်ငံသို့ စေလွှတ်သည့် အေဂျင်စီအများစုမှာ တိုင်ကြားခံရမှု အနည်းဆုံးဖြစ်ကြောင်း အ လုပ်သမားဝန်ကြီးဌာနမှ သိရသည်။

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများထဲမှ ဂျပန်နိုင်ငံသို့ စေလွှတ်သည့် အေဂျင်စီ အများစုသည် လေးစားစရာဖြစ်ပြီး အသိအမှတ်ပြုကြောင်း၊ အလုပ်သမားလချုပ်စာရင်းကိုလည်း သတ်မှတ်ပုံစံအတိုင်း ပုံမှန်ပို့ပေးကြကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်‌ေဖာ်ချီးကျူးထားသည်။

ထို့ပြင် အခွန်ဆောင်ရာတွင်လည်း အများစုမှာ အခွန်ဆောင်ကြပြီး မိသားစုလွှဲပို့ငွေကိုလည်း အချို့အေဂျင်စီများသည် စာရင်းပါ တင်ပြနိုင်ကြကြောင်း သိရသည်။

အေဂျင်စီလိုင်စင်ထုတ်ပေးထားခြင်းသည် ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေပေးပြီး အလုပ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်ပြီး အေဂျင်စီလိုင် စင်ယူထားပါက လိုင်စင်စည်းကမ်းများကို လေးစားလိုက်နာပြီး ဂုဏ်သိက္ခာရှိသော အေဂျင်စီများဖြစ်စေလိုကြောင်း အကြံပြုထားသည်။

လက်ရှိတွင် ပြည်ပသို့ အလုပ်သမား စေလွှတ်ခွင့်ရထားသည့် အေဂျင်စီ ၅၀၀ ကျော်ရှိပြီး အဆိုပါ အေဂျင်စီများတွင် MOU စနစ်ဖြင့် လုပ်သားစေလွှတ်သည့် အေဂျင်စီအများစုသည် တိုင်ကြားခံမှုအများဆုံးဖြစ်ကြောင်း စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here