ဝါရှင်တန်ရှိအစ္စရေးသံရုံးရှေ့၌ မိမိကိုယ်ကိုမီးရှို့ကာဆန္ဒထုတ်ဖော်ခဲ့သည့် အမေရိကန်လေတပ်သားသေဆုံး

0
141

ဝါရှင်တန်၊ဖေဖော်ဝါရီ ၂၆

အစ္စရေး – ဟားမတ်စ်အရေးအား ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် အမေရိကန်နိုင်ငံ၊ဝါရှင်တန်မြို့မှ အစ္စရေးသံရုံးရှေ့၌ မိမိကိုယ်ကိုမီးရှို့၍ ဆန္ဒထုတ်ဖော်ခဲ့သည် အမေရိကန်လေတပ်သားတစ်ဦးသည် သေဆုံးသွားခဲ့ကြောင်းသိရသည်။

အဆိုပါလေတပ်သားသည် အသက် ၂၅ နှစ်အရွယ်ရှိ Aaron Bushnell ဆိုသူဖြစ်ကြောင်း ရဲများကပြောကြားခဲ့ပြီး ၎င်းသည် တက္ကဆပ်စ်ရှိ Joint Base San Antonio Lackland တွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်းလည်း လေတပ်ကပြောကြားခဲ့သည်။

၎င်းတပ်သားသည် မိမိကိုယ်ကိုမီးမရှို့ခင် “ပါလက်စတိုင်း ကို လွတ်လပ်ခွင့်ပေး” ဟု ကြွေးကြော်ကာ ကိုယ်ပေါ်သို့ဓါတ်ဆီလောင်းချမီးရှို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းထုတ်လွှင့်ခဲ့သည့်ဗီဒီယိုထဲ၌မူ ယခုကဲ့သို့မီးရှို့လိုက်ခြင်းကြောင့် ၎င်းခံစားရသည့်အရာသည် ပါလက်စတိုင်းပြည်သူများခံစားနေရသည်နှင့်ယှဉ်ပါက စာမဖွဲ့လောက်သည့်နာကျင်မှုသာဖြစ်သည်ဟုလည်းဆိုခဲ့သည်။

ယင်းနောက်မီးသတ်သမားများရောက်ရှိလာကာ မီးငြှိမ်းသတ်ပြီး ၎င်းအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့သော်လည်း ရရှိခဲ့သည့်ပြင်းထန်ဒဏ်ရာများကြောင့် ဆေးရုံရောက်ပြီးနောက်သေဆုံးသွားခဲ့ခြင်းလည်းဖြစ်သည်။

Source : အင်န်ဘီစီနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here