တောင်ကိုရီးယားမှဆန္ဒပြဆရာဝန်များ ယခုလကုန်နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်ဝင်ရန်အစိုးရညွှန်ကြား

0
118

ဆိုးလ်၊ဖေဖော်ဝါရီ ၂၆

တောင်ကိုရီးယားနိုင်ငံမှ ဆန္ဒပြဆရာဝန်ငယ်များအား ယခုလကုန်နောက်ဆုံးထား၍ လုပ်ငန်းခွင်ပြန်ဝင်ရန် အစိုးရကညွှန်ကြားထားကြောင်းသိရသည်။ အကယ်၍ အချိန်မှီ လုပ်ငန်းခွင်ပြန်မဝင်ခဲ့ပါက အရေးယူခြင်းခံနိုင်ကြောင်းလည်းဆိုထားသည်။

တရားဝင်ထုတ်ပြန်ချက်များအရ ယခုဆန္ဒထုတ်ဖော်နေသည့်ဆရာဝန်ငယ်များ၏ပမာဏမှာ ၁၀,၀၀၀ အထက်ရှိပြီး တောင်ကိုရီးယားတစ်နိုင်ငံလုံးရှိ အလုပ်သင်ဆရာဝန်ပမာဏ၏ ၈၀ ဒသမ ၅ ရာခိုင်နှုန်းရှိသည်ဟုလည်းသိရသည်။

ကမ္ဘာပေါ်၌ သက်ကြီးရွယ်အိုအများဆုံးရှိရာနိုင်ငံဖြစ်သည့်တောင်ကိုရီးယားတွင် ၎င်းသက်ကြီးပုဂ္ဂိုလ်များအားစောင့်ရှောက်နိုင်ရန် ဆရာဝန်ပမာဏလိုအပ်သည်ဟုဆိုကာ ဆေးကျောင်းဝင်ခွင့် ဦးရေကို တိုးမြှင့်လိုက်သည့်အပေါ်ဆန္ဒပြတောင်းဆိုနေကြခြင်းလည်းဖြစ်သည်။

ယခုဆန္ဒပြမှုများကြောင့် ဆေးရုံများတွင် ဆရာဝန်အင်အားမလုံလောက်သဖြင့် ဆေးရုံလုပ်ငန်းစဉ်များ၌ အခက်အခဲဖြစ်နေကြရသည်ဟုလည်းအာဏာပိုင်များကပြောကြားခဲ့သည်။

ဖေဖော်ဝါရီလကုန်နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်ဝင်ရန် ဆန္ဒပြဆရာဝန်များအား ညွှန်ကြားထားသော်လည်း ဖေဖော်ဝါရီ ၂၆ ရက်အထိ ဆရာဝန်ပေါင်း ၉,၀၀၆ ဦးသည် လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးဟုလည်းဆိုသည်။

ဆန္ဒပြဆရာဝန်များအနေဖြင့် အချိန်မီလုပ်ငန်းခွင်ပြန်မဝင်ပါက တရားစွဲခြင်း၊ဖမ်-းဆီးခြင်းနှင့် ၎င်းတို့၏ ဆေးကုသခွင့်လိုင်စင်များ ရုတ်သိမ်းခြင်းတို့ကိုပြုလုပ်ခြင်းခံရနိုင်ပြီး ဥပဒေအရ အရေးယူနိုင်ကြောင်းကိုပါ အစိုးရကသတိပေးထားသည်။

ဆရာဝန်များကမူ အစိုးရအနေဖြင့်အရေအတွက်တိုးရန်မကြိုးစားခင် လစာနှင့်လုပ်ငန်းခွင်အခြေအနေများကို အရင်ဆုံးဖြေရှင်းသင့်သည်ဟု ဆန္ဒပြဆရာဝန်လူငယ်များကပြောကြားခဲ့သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here