Monday, June 8, 2026

ဓာတ်လိုက်နေသည့် မိခင်အား သားဖြစ်သူက ကယ်ဆယ်ခဲ့သော်လည်း...

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ ဇွန် ၇ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း...

ဒဂုံဆိပ်ကမ်း ဧရာဝဏ်လမ်းတွင် Light Truck...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ်လမ်းပေါ်၌ Light Truck ကားက ကွန်တိန်နာကားနောက် ပိုင်းကိုဝင်တိုက်မိခဲ့မှု ယနေ့ ဇွန် ၇ ရက်ညနေ ၄...

ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတားကို လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) တို့က ဆောင်ရွက်လျက်ရှိကြောင်း...

ရုပ်သေးရုပ်ပြုလုပ်ခြင်းအတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) အတွက်...

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဖွင့်လှစ်မည့် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) အတွက် သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းကို ဇူလိုင် ၆...
HomeNewsLocal Newsရုရှားတွင် ကျင်းပမည့် Games...

ရုရှားတွင် ကျင်းပမည့် Games of the Future MLBB ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအဖြစ် Burmese Ghouls ဝင်ရောက်ယှဉ်ပြိုင်မည်

ပြည်တွင်း MLBB လောကတွင် အအောင်မြင်ဆုံးအသင်းဖြစ်သည့် Burmese Ghouls အသင်းသည် ရှရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Games of the Future 2024 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ဖေဖော်ဝါရီလ (၂၆) ရက်မှ မတ်လ (၂) ရက် အထိ ကျင်းပမည်ဖြစ်ပြီး ဆုကြေးအနေဖြင့် ပထမဆု အမေရိကန် ဒေါ်လာ ၃၅၀၀၀၀၊ ဒုတိယ အမေရိကန် ဒေါ်လာ ၁၆၀၀၀၀၊ တတိယ အမေရိကန် ဒေါ်လာ ၁၂ဝဝဝဝ၊ စတုတ္ထ အမေရိကန် ဒေါ်လာ ၇၀၀၀၀ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Games of the Future 2024 ပြိုင်ပွဲတွင် ကမ္ဘာတစ်ဝန်းမှ လက်‌ရွေးစင် အသင်းပေါင်း (၁၆) သင်း ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ပြီး (၄)သင်း (၄) အုပ်စုခွဲပြီး ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

Burmese Ghouls အသင်းသည် Group (A) ၌ ရုရှားကိုယ်စားပြု Deus Vult ၊ အင်ဒိုနီးရှား ကိုယ်စားပြု RRQ Hoshi ၊ မွန်ဂိုလီးယား ကိုယ်စားပြု Team Lilgun တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေကြောင်း သိရသည်။

Burmese Ghouls အသင်းအနေဖြင့် Game Of Future ပြိုင်ပွဲကြီးသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ကစားသမားများအနေဖြင့် Kyaw ” Blink ” Thuya ( Roam ), Htet Linn Hlyan ” Stitch ” Aung ( Gold – Lane ), Hein Arkar ” Niko ” Htet ( Mid-Lane ),
Gerald ” Dlar ” Trinchera( Exp – Lane )’ Kenneth ” Saxa ” Fedelin ( Jungle )’ Steven” Coach, Dale ” Vitug ( Head Coach ), Thet Lynn ” Lynn Daddy ” Htut ( Assistant Coach ) တို့ပါဝင်ကြောင်း သိရသည်။

Burmese Ghouls အသင်းသည် (MLBB) ပြိုင်ပွဲတွင် အဖွင့်ပွဲစဉ်အဖြစ် ရုရှားမှ Deus Vult အသင်းနှင့် စတင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။

လူငယ်များဖြင့်ဖွဲစည်းထားသော Burmese Ghouls အသင်းသည် ၂၀၁၈ ခုနှစ်မှစ၍ eSports လောကတွင်လူကြိုက်များလာပြီး HUAWEI Mobile Legends Championship, ZURICH MLBB Championship, MSC MM Qualifier 2018, HUAWEI Nova 3I Championship, MPL Myanm ar Season 1, HUAWEI Nova 5T Championship, MPL Myanmar Season 3, ZURICH MLBB Championship 2020, MPL Myanmar Season 4, MPL Myanmar Season 5 အပါအဝင် အခြားပြိုင်ပွဲပေါင်းများစွာတွင် အောင်မြင်မှုရရှိခဲ့ပြီး နိုင်ငံကိုယ်စားပြုပွဲပေါင်းများစွာ ကစားခဲ့ကာ မြန်မာနိုင်ငံတွင် အအောင်မြင်ဆုံး eSports အသင်းအဖြစ်မှတ်တမ်းဝင်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဓာတ်လိုက်နေသည့် မိခင်အား သားဖြစ်သူက ကယ်ဆယ်ခဲ့သော်လည်း မိခင်သေဆုံး၊ သားဖြစ်သူ ဒဏ်ရာရမှု တောင်ဥက္ကလာပတွင် ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ ဇွန် ၇ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ မြင်သာ(၁)လမ်းရှိ နေအိမ်တစ်အိမ်တွင် အမျိုးသမီးတစ်ဦး ဓာတ်လိုက်နေစဉ် သားဖြစ်သူက ကယ်ဆယ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ကယ်ဆယ်စဉ် ဓာတ်လိုက်ဒဏ်ရာရရှိခဲ့သဖြင့် မိခင်ဖြစ်သူမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး သားဖြစ်သူတွင်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အပြီးတွင် သေဆုံးသူ၏ ရုပ်အလောင်းအား မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက...

ဒဂုံဆိပ်ကမ်း ဧရာဝဏ်လမ်းတွင် Light Truck ကားက ကွန်တိန်နာကားနောက်ပိုင်းကိုဝင်တိုက် Light Truck ကားမောင်းသူသေဆုံး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ်လမ်းပေါ်၌ Light Truck ကားက ကွန်တိန်နာကားနောက် ပိုင်းကိုဝင်တိုက်မိခဲ့မှု ယနေ့ ဇွန် ၇ ရက်ညနေ ၄ နာရီ ၅၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ ဧရာ ဝဏ်လမ်း၊ ဧရာချမ်းသာကွန်ဒိုအနီးတွင် Light Truck ကားက ကွန်တိန်နာကားနောက်ပိုင်းကိုဝင်တိုက်မိခဲ့၍ Light Truck ကားမောင်းသူမှာ ခေါင်းခန်းအတွင်းညပ် ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကားအတွင်းမှသယ်ထုတ်ပေးခဲ့ကြပြီးနောက် ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းက ရုပ်အလောင်းအား မြောက်က္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတားကို လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) တို့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါတံတား တည်ဆောက်နေမှုအခြေအနေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ဇွန် ၆ ရက်တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်ပြီးစီးပါက ဒေသခံပြည်သူများအနေဖြင့် ရန်ကုန်မြို့တွင်းသို့ မိနစ် ၁၅ ခန့်အတွင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းတံတားသည် ဒေသတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071