Friday, June 27, 2025

လူဦးရေ(၇,၀၀၀)ခန့်အလုပ်အကိုင်ရရှိမည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း(၈)ခုကိုခွင့်ပြုပေး

ရန်ကုန်တိုင်းအတွင်းရှိ လူဦးရေ(၇,၀၀၀)ခန့်အလုပ် အကိုင်ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၈)ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ဇွန် ၂၅ ရက်ကကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၅)ကြိမ်မြောက်အစည်းအဝေးမှ ခွင့်ပြုပေးခဲ့သည်။ အစည်းအဝေးသို့...

တင်သွင်းရန်ကျန်ရှိသော မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကို ဆက်လက်စိစစ်ထောက်ခံပေးသွားမည်

ယခုဘဏ္ဍာနှစ်တွင် တင်သွင်းရန်ကျန်ရှိသော မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကို ဆက်လက်စိစစ်ထောက်ခံပေးသွားမည်ဖြစ်ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကပြောသည်။ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ အစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုမိုးစပါးရာသီအတွက် သွင်းအားစုလိုအပ်ချက်များ လုံလောက်ရေးအတွက်...

မန္တလေးမြို့က ” ပိုသူလှူလိုသူကူ” ဆိုတဲ့...

နိုင်ငံအတွင်းမှာ အထွေထွေအကြပ်အတည်းဆိုက်ရောက်နေတဲ့ကာလအပြင် ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတွေများခဲ့တဲ့ မန္တလေးမြို့မှာ "ပိုသူလှူ လိုသူကူ"ဆိုတဲ့ Food Box အစီအစဉ်တစ်ခု ပြန်လည်ထွက်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ်ကာလမတိုင်မီ ၂၀၁၉...

အရှေ့အလယ်ပိုင်းငြိမ်းချမ်းတည်ငြိမ်ရေး BRICSနှင့်လက်တွဲမည်–တရုတ်

ပေကျင်း၊ ဇွန် ၂၅ အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းပြီး တည်ငြိမ်ရန်အတွက် ဆက်လက်လုပ်ဆောင်ရန် တရုတ်နိုင်ငံသည် အခြား BRICS နိုင်ငံများနှင့် လက်တွဲရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက...
HomeInternationalမွတ်ဆလင် ဥပုသ်လမှာ ဓါးစာခံတွေ...

မွတ်ဆလင် ဥပုသ်လမှာ ဓါးစာခံတွေ လွှတ်မပေးသေးရင်း အစ္စရေးက ရာဖာ ထိုးစစ် စမည်ဟုဆို

မတ်လမှာ ကျရောက်မယ့် မွတ်ဆလင် ရာမာဒန် ဥပုသ်လရောက်သည်အထိ ဟားမတ်စ်တို့ဖမ်းထားတဲ့ ဓါးစာခံတွေ ပြန်မလွှတ်ပေးသေးဘူးဆိုရင် ဂါဇာရှိ ရာဖာဒေသကို အစ္စရေးက မြေပြင်ထိုးစစ်တစ်ခု စတင်သွားမယ်လို့ အစ္စရေးစစ်ဝန်ကြီးအဖွဲ့ ဝန်ကြီးတစ်ဦးဖြစ်သူ ဘန်နီဂန့်ဇ်က ဖေဖော်ဝါရီ ၁၈ မှာ ပြောဆိုပါတယ်။

အသေအပျောက်နည်းစေဖို့အတွက် ဂါဇာအရပ်သားတွေ ဘေးလွတ်ရာရွှေ့ပြောင်းပေးရေး လွယ်ကူချောမွေ့စေဖို့ အမေရိကန်၊ အီဂျစ်တို့နဲ့ အစ္စရေးစစ်တပ်က ညှိနှိုင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ မစ္စတာ ဂန့်ဇ်က ဆိုခဲ့ပါတယ်။

ဂါဇာဒေသတိုက်ပွဲတွေကနေ ထွက်ပြေးခဲ့တဲ့ ခန့်မှန်းခြေ ပါလက်စတိုင်း ၁ သန်းလောက်ဟာ အီဂျစ်နဲ့နယ်စပ် တောင်ပိုင်းဒေသ ရာဖာမြို့ဧရိယာမှာ စစ်ရှောင်ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

တစ်လကြာမှာဖြစ်တဲ့ မွတ်ဆလင်တို့ရဲ့ ဥပုသ်လဟာ မတ်လလယ်မှာ စတင်မှာဖြစ်ပါတယ်။

သူတို့အနေနဲ့ လက်နက်ချခြင်း၊ ဓါးစာခံတွေ လွှတ်ပေးခြင်းတို့လို ရွေးချယ်စရာတွေ ဟားမတ်စ်မှာ ရှိနေပြီး ယင်းနည်းလမ်းဟာ ဂါဇာဒေသခံတွေကို ဥပုသ်လမြတ် အားလပ်ရက်မှာ စိတ်ချမ်းမြေ့စွာ ဆင်နွှဲနိုင်စေမှာဖြစ်တယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်က ဂျေရုဆလင်ရှိ အမေရိကန်ဂျူး ခေါင်းဆောင်တွေကို ပြောဆိုတဲ့ မိန့်ခွန်းမှာ မစ္စတာ ဂန့်ဇ်က ဆိုခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဟားမတ်စ် လက်ကျန်တပ်ရင်းတွေကို ရှင်းလင်းဖို့အတွက် ရာဖာမှာ မြေပြင်ထိုးစစ်ဆင်ဖို့ မဖြစ်မနေလိုအပ်ပြီး ယင်းဒေသကို စစ်ဆင်ရေးမလုပ်ဖို့ တောင်းဆိုနေသူတွေဟာ အဓိကအားဖြင့် အစ္စရေး စစ်ရှုံးသွားရေး တောင်းဆိုနေခြင်းသာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref: The Straits Times

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူဦးရေ(၇,၀၀၀)ခန့်အလုပ်အကိုင်ရရှိမည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း(၈)ခုကိုခွင့်ပြုပေး

ရန်ကုန်တိုင်းအတွင်းရှိ လူဦးရေ(၇,၀၀၀)ခန့်အလုပ် အကိုင်ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၈)ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ဇွန် ၂၅ ရက်ကကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၅)ကြိမ်မြောက်အစည်းအဝေးမှ ခွင့်ပြုပေးခဲ့သည်။ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းတက်ရောက်၍ စက်မှုကဏ္ဍတွင် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၆)ခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂)ခုတို့ကို အတည်ပြုပေးခဲ့သည်။ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုးနှင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းတို့အား အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ(၇ ဒသမ ၇၉၁)သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း (၆,၇၇၃)ဦးအလုပ်အကိုင်များ ရရှိမည်ဖြစ်သည်။

တင်သွင်းရန်ကျန်ရှိသော မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကို ဆက်လက်စိစစ်ထောက်ခံပေးသွားမည်

ယခုဘဏ္ဍာနှစ်တွင် တင်သွင်းရန်ကျန်ရှိသော မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကို ဆက်လက်စိစစ်ထောက်ခံပေးသွားမည်ဖြစ်ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကပြောသည်။ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ အစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုမိုးစပါးရာသီအတွက် သွင်းအားစုလိုအပ်ချက်များ လုံလောက်ရေးအတွက် လိုင်စင်ရရှိပြီးသောကုမ္ပဏီများ အမြန်တင်သွင်းရန်လိုအပ်ကြောင်း၊ သတ်မှတ်တန်ချိန်အမီ မတင်သွင်းနိုင်သည့် ကုမ္ပဏီများကို အရေးယူနိုင်ရေး ယခုအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း၊ ရည်ညွှန်းဈေးနှုန်းထုတ်ပြန်ပေးမှုအနေဖြင့် သတ်မှတ်ကာလပြည့်ပြီဖြစ်၍ ထပ်မံသတ်မှတ်ပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။ ယခုလက်ရှိ နိုင်ငံတကာတွင်ဖြစ်ပွားနေသည့် အခြေအနေများကြောင့် မြေဩဇာဈေးနှုန်းများ မြင့်တက်နေပြီး ပြည်တွင်းသုံးစွဲသူ တောင်သူများအတွက် သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ် မေနှင့် ဇွန်တွင်...

မန္တလေးမြို့က ” ပိုသူလှူလိုသူကူ” ဆိုတဲ့ Food Box

နိုင်ငံအတွင်းမှာ အထွေထွေအကြပ်အတည်းဆိုက်ရောက်နေတဲ့ကာလအပြင် ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတွေများခဲ့တဲ့ မန္တလေးမြို့မှာ "ပိုသူလှူ လိုသူကူ"ဆိုတဲ့ Food Box အစီအစဉ်တစ်ခု ပြန်လည်ထွက်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ်ကာလမတိုင်မီ ၂၀၁၉ ခုနှစ် ကာလတူလအတွင်း အများပြည်သူသွားလာရာ နေရာစုံမှာ Food Box အစီအစဉ်ကို လုပ်ဆောင်ခဲ့ကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့် (၆)နှစ်ကြာကာလအတွင်း ခတ္တပျေ-ာက်ကွယ်ရာကနေ ပြန်လည် ထွက်ပေါ်လာတာဖြစ်ပါတယ်။ အခုလို " ပိုသူလှူ လိုသူကူ"Food Box အစီအစဉ်ကို ပြန်လည်အသက်သွင်းလိုက်သူက မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းမှာ Food Box ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071