နယ်စပ်မှ ကုန်သွင်းသူများ လမ်းကြောင်းပြောင်းလဲ တင်သွင်း နေရမှုများကြောင့် အချိန်ကြာပြီး ကုန်ကျစရိတ်ပိုများ

0
148

နယ်မြေမတည်ငြိမ်မှုနှင့် လုံခြုံရေးအခြေအနေများကြောင့် နယ်စပ်မှတဆင့် ကုန်စည်တင်သွင်းသူများ အနေဖြင့် လမ်းကြောင်းများ ပြောင်းလဲတင်သွင်းနေရသဖြင့် အချိန်ကြန့်ကြာပြီး ကုန်ကျစရိတ်ကြီးမြင့်လျက်ရှိကြောင်း မြန်မာနိုင်ငံ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

လက်ရှိတွင် မြဝတီကုန်သွယ်ရေးဇုန်မှတဆင့် ဝင်ရောက်မည့် ကုန်စည်များကို တာချီလိတ်လမ်းကြောင်းနှင့် မြိတ်-ရနောင်းကုန်သွယ်ရေးဂိတ်တို့မှ ကမ်းရိုးတန်းသွား သင်္ဘောများနှင့် သယ်ဆောင် တင်သွင်းလျက်ရှိကြောင်း သိရသည်။

ထို့အပြင် မြန်မာ – လာအို ချစ်ကြည်ရေး တံတားမှတဆင့် နည်းလမ်းရှာကာ တင်သွင်းရန် စီစဥ်လျက်ရှိကြောင်းလည်း သိရသည်။

“ဟိုဘက် ဒီဘက် နယ်စပ်ဂိတ်တွေ ပြောင်းတဲ့အတွက်ကြောင့် အခက်အခဲတွေ အများကြီးရှိတယ်”ဟု  ထိုင်းမှ ကုန်စည်တင်သွင်းသူတစ်ဦးက ပြောသည်။

နယ်စပ်ဒေသ မတည်ငြိမ်မှုကြောင့် မူဆယ် ၁၀၅ မိုင်၊ ချင်းရွှေဟော်၊ မြဝတီကုန်သွယ်ရေးဇုန်တို့မှ သွင်းကုန်လိုင်စင်ခွင့် ပြုချက် ရရှိပြီးသား ပစ္စည်းများကို တရုတ်နှင့် ထိုင်းနယ် စပ်ရှိ အခြားမည်သည့် ကုန်သွယ်ရေးစခန်းမှမဆို ပြောင်းလဲတင်သွင်းခွင့်ပြုထားကြောင်း သိရသည်။

ထို့အပြင် ပင်လယ်ရေကြောင်းမှလည်း တင်သွင်းခြင်းအတွ က် ကုန်သွယ်ရေးဦးစီးဌာနမှ စီစစ်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။

ယခင်က မူဆယ်လမ်းကြောင်းမှ ကုန်စည်သယ်ဆောင်ပါက အချိန်တစ်ပတ်ခန့်သာ ကြာမြင့်သော်လည်း ယခုအခါ အချိန် နှစ်ပတ်ခန့် အနည်းဆုံး ကြန့်ကြာသဖြင့် ရေလမ်းကြောင်းမှ ပြောင်းလဲတင်သွင်းနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

“အချိန်တွေလည်း ကြာတယ်။ ကုန်ကျစရိတ်တွေလည်း အရမ်းများတယ်။ ပစ္စည်းတွေကလည်း ဟိုဘက် ဒီဘက်တွေကို ပြောင်းရတယ်”ဟု ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here