ပွင့်လင်းရာသီတွင် ခရီးသွားများ​နေသည့် ​ချောင်းသာကမ်း​ခြေ

0
162

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ချောင်းသာကမ်းခြေသို့ ပြည် တွင်း ပြည်ပခရီးသွား ဧည့်သည်စုစုပေါင်း (၄၄,၅၈၅)ဦး ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ချောင်းသာ) မှ သိရသည်။

ပြီးခဲ့သည့် ပွင့်လင်းရာသီမှစ၍ ချောင်းသာကမ်းခြေသို့ ပြည်တွင်း ပြည်ပခရီးသွား လာရောက်လည်ပတ်မှု မြင့်တတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ငွေဆောင်ကမ်းခြေသို့လည်း ပွင့်လင်း ရာသီအတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု မြင့်တက်ခဲ့ကြောင်း သိရသည်။

ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေတို့တွင် ဟိုတယ် (၃၀) ကျော် ကိုဗစ်စည်းကမ်းချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ထားကြောင်း သိရသည်။

ရန်ကုန်‌ – ချောင်းသာ၊ ရန်ကုန်‌ – ငွေဆောင် ခရီးစဉ်အတွက် ကားလက်မှတ်ခ နှုန်းထားများကို ယခင် ၂၅၀၀၀ ကျပ်မှ ယခု ၃၅၀၀၀ ကျပ် သို့ တိုးမြှင့်ကောက်ခံလျက် ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here