ရည်းစားဟောင်း၏စာ‌များကို အိမ်သာသုံးစက္ကူအဖြစ်ပြုလုပ်ပေးမည့်ကုမ္ပဏီ

0
166

အိမ်သာသုံးစက္ကူကုမ္ပဏီတစ်ခုသည် လာမည့် ဖေဖော်ဝါရီ ၁၄ ရက်တွင်ကျရောက်မည့် ချစ်သူများနေ့အတွက် အထူးအစီအစဉ်အနေဖြင့် ရည်းစားဟောင်းများထံမှရထားသည့် ရည်းစားစာများကို အိမ်သာသုံးစက္ကူအဖြစ် ပြောင်းလဲနိုင်မည့်အခွင့်အရေးပေးလျက်ရှိကြောင်းသိရသည်။

၂၀၁၂ ခုနှစ်က တည်ထောင်ခဲ့သည့် ဩစတြေးလျနိုင်ငံအခြေစိုက် Who Gives A Crap ဟူသော ပြန်လည်အသုံးပြုထားသည့် ပစ္စည်းများနှင့်ပြုလုပ်သော အိမ်သာသုံးစက္ကူများထုတ်လုပ်သည့်ကုမ္ပဏီသည် “Flush Your Ex” ပရိုဂရမ်ဟူ‌သောအစီအစဉ်အားကြေငြာခဲ့ခြင်းဖြစ်ပြီး မေတ္တာစာ အဟောင်းများကို အိမ်သာသုံးစက္ကူအဖြစ်ပြောင်းလဲပေးမည်ဟု ဖော်ပြခဲ့ခြင်းလည်းဖြစ်သည်။

“သင့်ရဲ့အံဆွဲတွေထဲမှာနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ နေရာယူထားတဲ့ စာရွက်တွေ၊ပို့စ်ကတ်တွေ၊သင့်ရဲ့ပထမဆုံး‌ တွေ့ဆုံမှုက ပြေစာတွေကိုကျွန်ုပ်တို့ဆီပို့ပြီး ၁၀၀ ရာခိုင်နှုန်းပြောင်းလဲပေးမဲ့ ကျွန်ုပ်တို့ရဲ့ထုတ်လုပ်ရေးစက်ရုံတွေဆီတိုက်ရိုက်ပို့ပေးမယ်ဆိုရင် အဲ့ဒါတွေဟာ ပြန်လည်အသုံးပြုလို့ရပြီး သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ အိမ်သာသုံးစက္ကူတွေဖြစ်လာမှာပါ” ဟု အဆိုပါကုမ္ပဏီက အင်စတာဂရမ်ပို့စ်၌မျှဝေခဲ့ခြင်းဖြစ်ရာ ရည်းစားဟောင်းကို စိတ်နာနေသူများအတွက်လည်း အတော်လေးအဆင်ပြေစေမည်ဟူသောမှတ်ချက်များထွက်ပေါ်လာခဲ့သည်။

အဆိုပါကုမ္ပဏီ၏ကြေညာချက်ပိုစ့်အား အင်တာနက်အသုံးပြုသူအများအပြားက သဘောကျလျက်ရှိပြီး တချို့ကမူ နောက်တစ်ခါ၌အလုပ်ထုတ်စာများနှင့် ပြုလုပ်ပေးရန်လည်းတောင်းဆိုခဲ့ကြသည်။

ကမ္ဘာတဝန်းမှ ရေသန့်နှင့် အညစ်အကြေးဆိုင်ရာများအတွက် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများကို အမြတ်ငွေ၏ ၅၀ ရာခိုင်နှုန်းလှူဒါန်းသည့်အတွက် လူသိများသည့်အဆိုပါကုမ္ပဏီသည် ရည်းစားစာလှူဒါန်းမှုများကို အခုလက်ရှိတွင်လက်ခံနေလျက်ရှိပြီး ဖေဖော်ဝါရီ ၂၉ ရက်အထိ စာတွေလက်ခံသွားမည်ဟုလည်းဖော်ပြထားသည်။

Source : ယူပီအိုင်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here