ယူကရိန်း ရေနံသိုလှောင်ရုံကို ရုရှားဒရုံးများတိုက်ခိုက်မှုကြောင့် လူ ၇ ဦး မီးလောင်‌ေ-သဆုံး

0
159

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ခါကိဗ်မြို့ရှိ ရေနံသိုလှောင်ရုံကို ရုရှားဒရုံးများ၏ တိုက်ခိုက်မှုကြောင့် ကြီးမားသည့် မီးလောင်မှု ဖြစ်ပွားရာတွင် လူခုနစ်ဦး မီးလောင် ‌ေ-သဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အရာရှိများကပြောသည်။

မီးလောင် ‌ေ-သဆုံးသူများထဲတွင် မိဘနှစ်ပါးနှင့်အတူ အိမ်ထဲတွင်ရှိနေကြသည့် ကလေ-းငယ်သုံးဦးတို့လည်းပါဝင်ကြောင်းကြောင်း ဒေသဆိုင်ရာ လက်ထောက်ရဲချုပ် Serhiy Blovinov က ပြောကြားခဲ့သည်။ ခါကိဗ်မြို့အပိုင် Nemyshlianskyi ခရိုင်ရှိ Kotelna လမ်းရှိ မီးသင့်လောင်ကျွမ်းခြင်းခံရသော အခြားအိမ်တစ်အိမ်တွင်လည်း သက်ကြီးရွယ်အို စုံတွဲတစ်တွဲ ‌ေ-သဆုံးခဲ့သေးကြောင်း သိရသည်။

“အားလုံးဟာ အစုလိုက်အပြုံလိုက် ငရဲကျသလို ဖြစ်သွားတယ်” ဟု သောကြာညက တိုက်ခိုက်မှုအပြီးတွင် ၎င်းက ယူကရိန်း တီဗွီသို့ ပြောကြားခဲ့သည်။

အရပ်သားများ၏ ကိုယ်ပိုင်အိမ် ၁၅ လုံး မီးလောင်သွားကြောင်း ခါကိဗ်မြို့တော်ဝန် Ihor Terekhov က ပြောကြားခဲ့ပါတယ်။

ရုရှား၏ တိုက်ခိုက်မှုကို “တရားမျှတသော တုံ့ပြန်မှု” ပြန်လည်ပြုလုပ်မည်ဟု ယူကရိန်းသမ္မတ ဇလန်းစကီး ကတိပြုခဲ့သည်။

ရုရှားစစ်တပ်ကမူ ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်မှတ်ချက်မပေးသေးချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here