မြစ်ကြီးနားမြို့၊ အကြဲကျေးရွာ ကျောက်ခွဲစက်အနီးတွင် ယနေ့ ဖေဖော်ဝါရီ (၉) ရက် နံနက် (၆)နာရီကျော်အချိန်က သစ်များတင်ဆောင်လာသည့် ထော်လာဂျီတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး ေ-သဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုသည် အကြဲကျေးရွာ ကျောက်ခွဲစက်အနီး ကုန်းအတက်၌ သုံးဘီဆိုင်ကယ်နှင့် မတော် တ ဆ တိုက်မိခဲ့ရာမှ အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“ကုန်းအတက်မှာ သုံးဘီးဆိုင်ကယ်နဲ့ ညိမလိုဖြစ်ပြီး မှောက်သွားတာ။ မောင်းတဲ့သူကတော့ ထွက်ပြေးသွားတယ်။ ယာဉ်ပေါ်ပါလာတဲ့ အမျိုးသားကတော့ သစ်သားနဲ့ရိုက်မိပြီး ဆေး ရုံကို ပို့တာလမ်းမှာဘဲ ဆုံးသွားပါတယ်။ သုံးဘီးဆိုင်ကယ်က အမျိုးသမီးကတော့ ပွန်းပဲ့တာလောက်တော့ ဖြစ်သွားပါတယ်။”ဟု ဒေသခံ တစ်ဦးကဆိုသည်။
ယာဉ်တိုက်မှုကြောင့် ထော်လာဂျီပေါ်၌ လိုက်ပါလာသော အမျိုးသားသုံးဦးအနက် တစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး တစ်ဦးေသဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ သုံးဘီးဆိုင်ကယ်ပေါ်မှ အမျိုးသမီးတစ်ဦး ထိခို က်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူများကို မြစ်ကြီးနားဆေးရုံ အရေးပေါ်ဌာနသို့ ပို့ဆောင်ထားကြောင်း သိရသည်။


