၂၀၂၃ ခုနှစ် အတွက် အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု ကို ကံကောင်း ရုပ်ရှင်ဖြင့် ဒါရိုက်တာဝင်းလွင်ထက်က ရရှိ

0
1026

၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ခတ္ထိယ ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးထုတ်လုပ်သည့် ” ကံကောင်း ” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး ရုပ်ရှင် ဓာတ်ပုံ ဆုကို ဒါရိုက်တာ ဝင်းလွင်ထက်က ရရှိခဲ့သည်။

” ကံကောင်း ” ရုပ်ရှင်ဇာတ်ကားကြီးကို ခတ္ထိယ ရုပ်ရှင်ထုတ် လုပ်ရေးက ရိုက်ကူးထုတ်လုပ်ကာ ဒါရိုက်တာဝင်းလွင်ထက် ၊ ဇာတ်ညွှန်း မိုးနီလွင်တို့က ဖန်တီး‌ပုံဖော် ခဲ့ခြင်းဖြစ်ပြီး သရုပ်ဆောင် ပိုင်တံခွန် ၊ အကယ်ဒမီ သူထူးစံ ၊ အကယ်ဒမီ ခင်ဇာခြည်ကျော် ၊ နေထွဋ်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here