ဖေဖော်ဝါရီလမှာ One Lady Show လုပ်မယ့် ၀ိုင်းစုခိုင်သိန်း

0
225

wine-su-2-copy

ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ ဝိုင်းစုခိုင်သိန်းက ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလထဲမှာ One Lady Show  ပွဲပြုလုပ်ဖို့အတွက် ကြိုးစားပြင် ဆင်နေပါတယ်။

“ဝိုင်းစုရဲ့ ‘ဂါ’ စီးရီးပြီးရင်တော့ စပြီးပြင်ဆင်ပါတော့မယ်။ ပါဖောမန့် ပိုင်းတွေရော၊ သီချင်းမြူးဇစ်တွေရော တချို့ ပြန်ပြောင်းရတာတွေ ရှိတယ်။ သေချာလေး ပြင်ဆင်မှာပါ။ ဟိုတစ်ခေါက် ရှိုးပွဲမှာတော့ ဝိုင်းစု သီချင်း ၃၃ ပုဒ်ဆိုပါတယ်။ ဒီတစ်ခေါက်လည်း အဲဒီလောက်ပဲ ဆိုဖြစ်မှာပါ။ သီချင်းတွေ ရော၊ ပါဖောမန့်ပိုင်း တွေရော ပြန်ပြောင်းသွားမှာပေါ့။ ‘ဂါ’ ထဲက သီချင်းသစ် တွေလည်း ဆိုလို့ရမှာပေါ့” လို့ One lady Show ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါတယ်။ တစ်ကိုယ်တော်စီးရီး ခွေသစ်ထွက်တိုင်း ပရိသတ်အားပေး မှုရရှိတဲ့ ဝိုင်းစုခိုင်သိန်းက သီချင်းတွေနဲ့ ပတ်သက်ရင် ကံကောင်းတယ် လို့လည်း ဆိုပါတယ်။

“အဓိကကတော့ ကံကောင်းတာလည်းပါတယ်။ ရတဲ့သီချင်းတွေကလည်း ကောင်းတယ်။ ဝိုင်းစု  ဒီသီ ချင်း၊ ဒီပုံစံလေးလိုတယ်ဆိုရင် ဝိုင်းစုဆီရောက်လာ တယ်။ သီချင်း တစ်ခုခုရွေးရင် ပရိသတ်နားနဲ့ ကိုယ်သာပရိသတ်ဆိုရင်ဆိုတဲ့ စိတ်နဲ့ပဲ နား ထောင်တယ်။ စီးရီးခွေ တစ်ခွေ လုပ်ပြီဆိုရင်လည်း ဝိုင်းစု ငယ်ငယ်လေးကတည်းက သူများ အခွေတွေ နားထောင်လည်း ဘယ်အပုဒ်မှ မကျော်ချင်ဘူး။ တချို့အပုဒ်တွေ ကိုယ်မကြိုက်လို့ကျော်ရလည်း အပြည့်နားထောင်ချင်နေတယ်။ ကိုယ်စီးရီးခွေလုပ်တဲ့အခါကျရင် လည်း ဘယ်အပုဒ်မှ မကျော်ချင်ဘူး။ နောက်ဆုံး မကြိုက်ဘူးဆိုရင်တောင် နားထောင်လို့ရရမယ်။ ဒါလေးက တော့ မဆိုးဘူးဆိုပြီးဖြစ်ရမယ်။ ဝိုင်းစု တတ်နိုင် သမျှ အကောင်း ဆုံးကိုပဲ ရွေးချယ်တယ်။ နှစ် ပုဒ်ကောင်း၊ သုံးပုဒ်ကောင်း မလုပ်ဘူး။တစ်ခွေလုံး ကောင်း အောင်တော့ အမြဲတမ်း ကြိုး စားပြီးလုပ်ဖြစ်ပါတယ်။ တိုက်ဆိုင်မှုရှိ၊ မရှိ၊ ကြိုက်၊ မကြိုက် ကတော့ ပရိသတ်က ဆုံးဖြတ်ပေးရတာပေါ့” လို့ ပရိ သတ်နေရာကနေပြီး သီချင်းတွေကို ရွေး ချယ်ဖြစ်ပုံ အကြောင်းကို ပြောပါတယ်။ သူ့ရဲ့ ပဉ္စမမြောက် တစ်ကိုယ်တော်စီးရီးခွေ ‘ဂါ’ စီးရီးသစ်ထွက်ရှိတော့ မှာဖြစ်တဲ့ အ တွက်ရင်ခုန်နေပြီး ဒီအခွေကိုလည်း အားရ မှုရှိတဲ့အတွက် ပရိသတ်တွေလည်း ကျေ နပ်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါ တယ်လို့ ဆိုပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here