ရုရှားအမျိုးသမီးများအနေဖြင့် ကလေးရှစ်ယောက်နှင့်အထိမွေးဖွားရန် သမ္မတပူတင်တိုက်တွန်း

0
190

မော်စကို၊ဒီဇင်ဘာ ၁

ရုရှားသမ္မတဗလာဒီမာပူတင်က နိုင်ငံတွင်းရှိ အမျိုးသမီးများအား ကလေးရှစ်ဦးအထိမွေးရန်နှင့် မိသားစုဝင်များအောင်ပြုလုပ်ကြရန်တိုက်တွန်းထားကြောင်းသိရသည်။ 

ရုရှားနိုင်ငံမော်စကိုမြို့ရှိ ရုရှားပြည်သူ့ကောင်စီ၌ အင်္ဂါနေ့ကမိန့်ခွန်းပြောကြားစဉ် ပူတင်က ယင်းသို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ရုရှားနိုင်ငံ၏ ကလေးမွေးဖွားနှုန်းသည် ၁,၉၉၀ ပြည့်လွန်နှစ်များကတည်းကကျဆင်းခဲ့ပြီး ယမန်နှစ် ဖေဖော်ဝါရီလကယူကရိန်းစစ်ပွဲစတင်ချိန်မှစ၍ အသေအပျောက် ၃၀၀,၀၀၀ ကျော်ရှိခဲ့ကြောင်းလည်း The Independent သတင်းဌာန၏အစီရင်ခံစာတွင်ဖော်ပြထားသည်။

“ရှေးရှေးက ရုရှားမိသားစုတွေဟာ ကလေးကိုအနည်းဆုံး လေးငါးခြောက်ယောက်ထက်မနည်းယူခဲ့ကြတာကိုနမူနာယူပြီး ယနေ့ခေတ်မှာလည်း ရုရှားအမျိုးသမီးတွေအနေနဲ့ မိမိတို့မျိုးဆက်ကို များများချန်နိုင်အောင်ကြိုးပမ်းသင့်ပါတယ်” ဟုလည်း၎င်းကဆိုသည်။

အချို့သောနိုင်ငံရေးခန့်မှန်းသူများကမူ ယူကရိန်းနှင့်ဖြစ်ပွားလျက်ရှိသည့် စစ်ပွဲအတွင်း ရုရှားနိုင်ငံသားအမြောက်အများ‌ေ-သဆုံးခဲ့ရသဖြင့် သမ္မတပူတင်က ရေရှည်ကိုကြည့်လျက် ယခုကဲ့သို့ တောင်းဆိုခြင်းလည်းဖြစ်နိုင်သည်ဟုဆိုခဲ့သည်။

ရုရှားသည် ယူကရိန်းနှင့်စစ်ပွဲကြောင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများဖြင့် လုပ်သားအင်အား ပြတ်လပ်မှုနှင့် ကြုံနေရပြီး စီးပွားရေးနှေးကွေးမှုများတိုးများလာနေသည်ကိုလည်း တွေ့မြင်နေရသည်ဟုဆိုကြသည်။

Source : အင်န်ဒီတီဗွီ


LEAVE A REPLY

Please enter your comment!
Please enter your name here