Saturday, May 31, 2025

မန္တလေး ငလျင်ကြီး၏ နောက်ဆက်တွဲ ငလျင်ငယ်အကြိမ်ရေ...

ပြီးခဲ့သော မတ်(၂၈)ရက်က စတင်လှုပ်ခတ်ခဲ့သည့် အင်အား (၇.၇) ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ယနေ့ မေလ (၃၀) ရက် အထိ ပြည်တွင်းနေရာစုံတွင် နောက်ဆက်တွဲငလျင်...

မြန်မာလူမျိုးများ၏ ပြင်းပြသောစိတ်ဓာတ်သည် ငလျင်ကြောင့်ကျိုးပဲ့ပျက်စီးသွားမှုမရှိဟု နစက...

မြန်မာလူမျိုးများ၏ ပြင်းပြသောစိတ်ဓာတ်သည် ငလျင်ကြောင့်ကျိုးပဲ့ပျက်စီးသွားမှုမရှိဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် ငလျင်ဘေးအလွန်...

အမြန်လမ်း မိုးပျံတံတား ကရိန်းသံဘောင် ပြိုကျမှုတွင်...

ထိုင်းနိုင်ငံ၊ စမုစခွန်၊ ဖလမ်းဆောင်လမ်းမကြီး (RAMA-2)၊ (၂၁) မိုင်ရှိ အမြန်လမ်းမိုးပျံတံတား တည်ဆောက်ရေး လုပ်ငန်းခွင်၌ ကွန်ကရစ်ဘလောက်တုံးများ ချိတ်ဆက်တပ်ဆင်စဉ် ကရိန်းသံဘောင် ပြိုကျမှုကြောင့်...

China-Asean Cup 2025 ပြိုင်ပွဲအတွက်...

China-Asean Cup 2025 ပိုက်ကျော်ခြင်းပြိုင်ပွဲဝင်‌ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့သည်ယနေ့ မေလ(၃၀)ရက် နံနက်ပိုင်းအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ထံကသိရသည်။ အဆိုပါ ပြိုင်ပွဲအား...
HomeNewsLocal Newsမူဆယ် ၁၀၅ မိုင်...

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ပိတ်မိနေသူများကို မူဆယ်အခြေစိုက် ပရဟိတအဖွဲ့များမှ ကယ်ထုတ်ပေးနေ

မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီးတွင် ပိတ်မိနေသူများကို မူဆယ်အခြေစိုက် ပရဟိတအသင်းများမှ ယနေ့ နိုဝင်ဘာ (၃၀) ရက် နံနက်ပိုင်းမှ စတင်ကာ ကယ်ထုတ်ပေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စတင်ကာ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းနှင့် အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူ ထောင်နှင့်ချီ ပိတ်မိနေခြင်းဖြစ်ကြောင်း မူဆယ်အခြေစိုက် ပရဟိတအသင်းများထံမှ စုံစမ်းသိရသည်။

ယင်းကဲ့သို့ ပိတ်မိနေသည့် ပြည်သူများကို ယနေ့ နံနက် (၈) နာရီဝန်းကျင်မှ စတင်ကာ သွားရောက်ကယ်ထုတ်ပေးနေပြီး လက်ရှိအချိန်ထိ ပိတ်မိနေသည့် ပြည်သူ (၄၀၀) ဝန်းကျင်ကို ကယ်ထုတ်ထားနိုင်ကြောင်း မူဆယ်အခြေစိုက် ကမ်းလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

” ကယ်ဆယ်ရေးကား (၁၅) စီးလောက်သွားတယ်ခင်ဗျ။ ပထမတစ်ခေါက် ပြန်ဆင်းလာပြီးပြီ ၊ အခု နောက်တစ်ခေါက်လည်း ပြန်ဆင်းလာနေပြီ။ တစ်ခေါက်ကို လူ (၂၀၀) နီးပါးလောက်ပါတယ်။ တစ်နေ့လုံး တိုက်ရမှာပါဗျ။ ‌လူကတော့ ထောင်ချီတယ်ဗျ” ဟု ကမ်းလက် လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

လက်ရှိတွင် ပိတ်မိနေသူများထဲမှ မိမိအစီအစဉ် (ဆိုင်ကယ်/ အိမ်စီးကား)ဖြင့် မူဆယ်ဘက်သို့ လာရောက်နေသူများလည်း ရှိနေပြီး ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း ပိတ်မိနေသူ အမြောက်အများ ကျန်ရှိနေသေးကြောင်း ပရဟိတအသင်းများထံမှ သိရသည်။

ယနေ့နံနက်ပိုင်းတွင် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း ဒရုန်းများ ပျံဝဲနေသည်ကို တွေ့ရသည့်အတွက် လုံခြုံရေးအခြေအနေကို ကြည့်၍ ကယ်ထုတ်နေရကြောင်းလည်း ပရဟိတအဖွဲ့များက ဆိုသည်။

” ကျွန်တော်တို့ သွားတည်းက တပ်ဂိတ်ဖြတ်ရတယ်ဗျာ။ ပူးပေါင်းအဖွဲ့တွေကိုလည်း ဖြတ်ရတယ်။ ကျွန်တော်တို့လည်း အသက်စွန့်ပြီး သွားနေရတာ ။ ၁၀၅ မိုင်က ကုန်သွယ်ရေးဇုန်မှာ ပူးပေါင်းအဖွဲ့တွေက ပစ်ခတ်တာတော့ မရှိဘူး။ ဒါပေမဲ့ ကားတွေ ပေးမဖြတ်ဘူး။ သူတို့ပိတ်ထားတဲ့ အပေါ် ဂိုဒေါင်းဝင်းတွေထဲမှာ စစ်ရှောင်ချင်တဲ့သူတွေများတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ ကျော်လို့မရတော့ သယ်လို့မရဘူးဖြစ်နေတယ်ဗျ” ဟု ကယ်ဆယ်ရေးသွားရောက်လုပ်ဆောင်နေသည့် ကမ်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မူဆယ်မှ ၁၀၅ မိုင်ကုန်သွယ်ရေး စခန်းသို့ သွားရောက်ရာတွင် အစစ်အဆေးများ ရှိနေပြီး စစ်ဘေးရှောင်များကိုလည်း မှတ်ပုံတင်မရှိပါက ခေါ်မလာရန် လမ်းရှိ စစ်တပ်ဂိတ်များက မှာကြားထားကြောင်းလည်း သိရသည်။

မူဆယ်မြို့ အနီးတဝိုက်နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အနီးရှိ တပ်မတော် ဗျူဟာကုန်းနှင့် နမ့်ပေါ်တံတားရှိ စစ်တပ်စခန်းကို မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စတင်တိုက်ခိုက်နေခြင်း ဖြစ်ပြီး တပ်မတော်မှလည်း လေကြောင်းနှင့် မြေပြင်မှပါ ပြန်လည် တိုက်ခိုက်လျက် ရှိနေခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲများအတွင်း အရပ်သား ပြည်သူ (၆) ဦးထက်မနည်း ‌ေ-သဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရှိမှုနှင့် ပြည်သူပိုင်အဆောက်အဦအချို့နှင့် ကုန်သွယ်ရေးစခန်းအတွင်းရှိ အဆောက်အဦအချို့ ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေး ငလျင်ကြီး၏ နောက်ဆက်တွဲ ငလျင်ငယ်အကြိမ်ရေ (၂၀၀)နီးပါး လှုပ်ခတ်ထား

ပြီးခဲ့သော မတ်(၂၈)ရက်က စတင်လှုပ်ခတ်ခဲ့သည့် အင်အား (၇.၇) ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ယနေ့ မေလ (၃၀) ရက် အထိ ပြည်တွင်းနေရာစုံတွင် နောက်ဆက်တွဲငလျင် လှုပ်ခတ်မှု (၁၈၄)ကြိမ် ရှိလာခဲ့ပြီဖြစ်သည်။ ယခု မေလတစ်လတည်းအတွင်း၌ပင် အင်အားအနည်းငယ်နှင့် အသင့်အတင့်ရှိသည့် နောက်ဆက်တွဲ ငလျင် လှုပ်ခတ်မှု ကြိမ်ရေပေါင်း (၃၃) ကြိမ်ရှိနေပြီး တစ်ရက်တည်းတွင် (၃) ကြိမ်လှုပ်ခတ်မှုအထိ ရှိသည်ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။ ယနေ့ မေလ (၃၀) ရက်တွင်လည်း သံတောင်ကြီးမြို့၏ အနောက်မြောက်ဘက် (၁၀)...

မြန်မာလူမျိုးများ၏ ပြင်းပြသောစိတ်ဓာတ်သည် ငလျင်ကြောင့်ကျိုးပဲ့ပျက်စီးသွားမှုမရှိဟု နစက ဥက္ကဋ္ဌပြော

မြန်မာလူမျိုးများ၏ ပြင်းပြသောစိတ်ဓာတ်သည် ငလျင်ကြောင့်ကျိုးပဲ့ပျက်စီးသွားမှုမရှိဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မန္တလေးငလျင်ကြီးကြောင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားပျက်စီးဆုံးရှုံးမှုများသည် အလွန်ကြီးမားခဲ့ကာ တွက်ချက်ထားမှုအရ ငွေကျပ်(၃၆၂၉ ဒသမ ၂၀၈)ဘီလီယံရှိခဲ့ပြီး ယခုအချိန်၌ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မန္တလေးငလျင်ကြီးသည် မိမိတို့မြန်မာနိုင်ငံသားများ မည်မျှအထိကြံ့ကြံခံနိုင်ရည်ရှိကြသလဲ၊ မိမိတို့၏အခြေခံအဆောက်အအုံများ မည်မျှအထိခိုင်ခံသလဲ၊ မိမိတို့၏အဖွဲ့အစည်းများ မည်မျှအား ကောင်းသလဲဆိုသည်ကို စမ်းသပ်လိုက်ခြင်းဖြစ် သည်ဟု ပြောသည်။ " ကျွန်တော်တို့ ဘယ်လောက်ဆုံးရှုံးခဲ့တယ်ဆိုတာကို ရေတွက်ဝမ်းနည်းနေကြဖို့ထက်...

အမြန်လမ်း မိုးပျံတံတား ကရိန်းသံဘောင် ပြိုကျမှုတွင် ကွယ်လွန်သူ မြန်မာအလုပ်သမား(၄)ဦးနစ်နာကြေး ဘတ် (၁)သန်းဆီရ

ထိုင်းနိုင်ငံ၊ စမုစခွန်၊ ဖလမ်းဆောင်လမ်းမကြီး (RAMA-2)၊ (၂၁) မိုင်ရှိ အမြန်လမ်းမိုးပျံတံတား တည်ဆောက်ရေး လုပ်ငန်းခွင်၌ ကွန်ကရစ်ဘလောက်တုံးများ ချိတ်ဆက်တပ်ဆင်စဉ် ကရိန်းသံဘောင် ပြိုကျမှုကြောင့် မြန်မာနိုင်ငံသားအလုပ်သမား (၄) ဦး နိုဝင်ဘာ (၂၄)ရက်က ထိခိုက်‌ေ-သဆုံးခဲ့ရသည်။ အဆိုပါ ဖြစ်စဉ်တွင် ကွယ်လွန်ခဲ့သူ မြန်မာနိုင်ငံသား အလုပ်သမားများကို မြန်မာသံရုံးမှ နစ်နာကြေးရအောင် ဆောင်ရွက်ပေးနိုင်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ အစီအစဉ်ဖြင့် ထိုင်းဘက် သက်ဆိုင်ရာ ကုမ္ပဏီ၊ မြန်မာအလုပ်သမားသံအရာရှိ မြန်မာသံရုံး မိတ်ဆွေအဖွဲ့များအကြား ညှိနှိုင်းမှုပြုခဲ့ကြသည်။ ယနေ့ မေလ (၃၀)ရက် ထိုင်းနိုင်ငံ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071