လျှပ်စစ်အားသွင်းစက်များနှင့် လျှပ်စစ်ကားများ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်

လျှပ်စစ် အားသွင်းစက်များနှင့် လျှပ်စစ်ကားများ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ လျှပ်စစ်ကား (EV) များနှင့် လျှပ်စစ်အားသွင်းစက်များ ဝယ် ယူသည့်နေရာတွင် စိတ်ကျေနပ်မှုမရှိပါက သို့မဟုတ် နစ်နာဆုံးရှုံးပါက စားသုံးသူရေးရာဦးစီးဌာန၏ Call Center နံပါ တ် (၁၅၃၅) သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။ ထို့အပြင်စားသုံးသူများ အလွယ်တကူဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ရန်အတွက် နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးပေါင်း (၄၈)ရုံးကိုလည်း ဖွင့်လှစ်ထားကြောင်း သိရသည်။ စားသုံးရေးရာဦးစီးဌာနအနေဖြင့်ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရေး ၊ စိတ် ကျေနပ်မှု ၊ အာမခံရရှိစေးရေးတို့ကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း အသိပေးထားသည်။