Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsကျားဖောင်လုပ်ငန်းအတွင်း လူကုန်ကူးမှု အဓမ္မလုပ်အားစေခိုင်းမှုများ...

ကျားဖောင်လုပ်ငန်းအတွင်း လူကုန်ကူးမှု အဓမ္မလုပ်အားစေခိုင်းမှုများ မရှိသလောက် နည်းပါးသွားပြီဖြစ်ဟု ဆို

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်အတွင်းရှိ ပင်လယ်ကျားဖောင်လုပ်ငန်းများအတွင်း တရားမဝင်လူကုန်ကူးမှုများ မရှိသလောက် နည်းပါးသွားပြီဖြစ်ကြောင်း ခါးပြတ်ကျေးရွာရှိ ဒေသခံဝါရင့်ရေလုပ်သားတစ်ဦးက ပေါ်ပြူလာနယူးစ် ကိုပြောသည်။

ယခင်နှစ်များက ပင်လယ်ကျားဖောင်လုပ်ငန်းခွင်များအတွင်း လုပ်ကိုင်ရန် လူကုန်ကူးခံရခြင်း၊ အဓမ္မစေခိုင်းခြင်း၊ လုပ်ခလစာ ခေါင်းပုံဖြတ်ခြင်းနှင့် လူပျောက်မှု၊ ‌ေ_သဆုံးမှုများရှိခဲ့သော်လည်း ယခုနှစ်အတွင်း ယင်း ဖြစ်စဉ်များမရှိတော့ကြောင်း ဆိုသည်။

ယင်းအတွက် ဒေသတွင်းအုပ်ချုပ်ရေးပိုင်း၊ မြို့နယ်ရေလုပ်ငန်းဥက္ကဌများနှင့်ရေလုပ်သားများက ဆွေးနွေးညှိနှိုင်းကြကာ၊ ယင်းဖြစ်စဉ်များ ပပျောက်အောင် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

” ဦးလေးတို့ အရင်နှစ်တွေထက်စာရင် အခုနှစ်မှာ ရေလုပ်ငန်းဦးစီးဌာနနဲ့ အခြားတာဝန်ရှိသူတွေနဲ့တွေ့ဆုံ ဆွေးနွေးပြီး စည်းကမ်းတွေသတ်မှတ်တယ်။ စည်းပျက်ကမ်းပျက်တွေမရှိကြသလို အ‌ေ-သအပျောက်တွေလည်းတော်တော်နည်းတယ်။ ကမ်းနီးကမ်းဝေးတွေအတွက် ရေတပ်ကလည်း လူကုန်ကူးခံရမှုရှိမရှိ အသေအပျောက်ရှိမရှိ စစ်ဆေးကြပ်မတ်နေပါတယ်။”ဟု ရှင်းပြသည်။

လက်ရှိအချိန်သည် ငါးဖမ်းရာသီဖြစ်ပြီး၊ နိုင်ငံတော်က ယခင်သတ်မှတ်ထားသည့်ကာလထက် တစ်လထပ်တိုးသတ်မှတ်ထားရာ (၅)လတာ ငါးဖမ်းခွင့် ရရှိထားကြောင်း သိရသည်။

ပင်လယ်ကျားဖောင်လုပ်ငန်းများအတွက်ရေလုပ်သားခေါ်ယူရာတွင် လူကုန်ကူးမှု၊ တရားမဝင်လုပ်သားစေခိုင်းမှု၊ လုပ်ခလစာခေါင်းပုံဖြတ်မှုနှင့်လူအ‌ေ-သအ‌ပျောက်များမရှိစေရန် ပြင်ပ လုပ်သားများမခေါ်ယူဘဲ ၊ ဒေသတွင်းရှိ ရေလုပ်သားများကိုသာ ခေါ်ယူလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

” ကျားဖောင်က တစ်ဖောင်ဦးစီးကိုဆယ်ယောက်ပေါ့။ အဲ့ဒီမှာ လုပ်ငန်းခွင်ထဲလုပ်နေတဲ့ သူတွေက ကိုယ်တာဝန်ယူပေးနိုင်တဲ့သူတွေကိုဘဲ ခေါ်ယူ လုပ်ကိုင်စေတယ်။ အပြင်က လုပ်သားခေါ်တဲ့အခါမှာ ငွေကြိုထုတ်ပြီး ထွက်ပြေးတာမျိုးတွေရှိတော့ ကြာတော့လည်း လုပ်ငန်းရှင်တွေဆုံးရှုံးများလာတယ်။ အခုဆို ရေလုပ်သားတွေအတွက် လစာသီးသန့်သတ် မှတ်ပေးတာကြောင့် အဆင်ပြေကြပါတယ်” ဟု ဆိုသည်။

ပင်လယ်ကျားဖောင်လုပ်ငန်းအတွင်း ဖောင်နောက်လိုက်တစ်ဦးလျှင် ကျပ် (၁၈,၀၀၀)သတ်မှတ်ထားပြီး၊ ဖောင်ဦးစီးတစ်ဦးလျှင် ကျပ် (၂၂၀,၀၀၀)မှ ကျပ် (၂၅၀,၀၀၀)အထိ သတ်မှတ်ထားကြောင်း သိရသည်။

ကျားဖောင်လုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံ တော်က လုပ်ကိုင်ခွင့်လိုင်စင် သတ်မှတ်ထားသည့်ထက် တိုး၍ချမှတ်ပေးသင့်ကြောင်း တောင်းဆိုမှုများလည်းရှိနေသည်။

ယခု ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ဧပြီလမှဩဂုတ်လ အထိ (၅)လအတွင်း ပြည်ပရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၂၁၄) သန်း ရရှိထားကြောင်း
ငါးလုပ်ငန်းဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071