Wednesday, June 10, 2026

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိဟု NSPNC...

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအ ညီများရရှိနိုင်ရေးကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်သည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က အထက်ပါအတိုင်းပြောကြားခဲ့ကြောင်း သိရသည်။ NSPNC နှင့် NCA...

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့...

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်...

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ်...

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ...

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့်...
HomeNewsLocal Newsကရင်ပြည်နယ်သို့ ဧည့်သည် ပိုဝင်လာစေရေး...

ကရင်ပြည်နယ်သို့ ဧည့်သည် ပိုဝင်လာစေရေး အစီအမံများ​ဆွေး​နွေး

ကရင်ပြည်နယ်တွင်း ခရီးသွားလုပ်ငန်း ပိုမိုဖွံဖြိုးတိုးတက်လာစေရေး ခရီးစဉ်ဒေသများဆွဲဆောင်မှုရှိစေရန်၊ အကောင်းဆုံးဝန်ဆောင်မှုနှင့် ပြည်တွင်း ပြည်ပဧည့်သည်များ ချောမွေ့ လွယ်ကူစွာ သွားလာလည်ပတ်နိုင်ရန် စီမံဆောင်ရွက်ပေးစေလိုကြောင်း ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောသည်။

ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁၁/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ (၂၃) ရက် နံနက် ၁၀ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပရာတွင် ဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် သဘာဝကို အခြေခံသည့်ခရီးသွားလုပ်ငန်းများ၊ ခရီးစဉ်ဒေသများ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အများအကျိုးဆောင်ရွက်လိုသည့် ပုဂ္ဂိုလ်များ၊ စိတ်ပါဝင်စားသူများဖြင့် စနစ်တကျ ဖွဲ့စည်းတာဝန်ပေးပြီး စိစစ်ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

ကရင်ပြည်နယ်၌ လှပသည့် ရေ၊ မြေ၊ တော၊ တောင်ရှုခင်းများအပြင် သဘာဝလှိုဏ်ဂူများ၊ ရေတံခွန်များ၊  လည်ပတ်စရာပေါများသည့်အပြင် ကရင်တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ၊ ရာသီအလိုက်ပြုလုပ်သည့် ကရင်ရိုးရာပွဲတော်များကြောင့် ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများကိုပါ ဆွဲဆောင်နိုင်သည့် ဒေသတစ်ခုဖြစ်သ ည်။

ကရင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှ အောက်တိုဘာအထိ (၉)လ ကာလအတွင်း ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည် ၁၃၄၃၅၉ ဦး လာရောက်လည်ပတ်ခဲ့ပြီး ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းများမှာ ဝင်ငွေကျပ် ၂၅၅၇၇ ဒသမ ၅၁ သိန်း ရရှိခဲ့ကြောင်း ကရင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ကရင်ပြည်နယ်အတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာ ၆၀ လုံး ၊ အိပ်ခန်းပေါင်း ၂၁၅၉ ခန်းရှိပြီး ယခင်နှစ်များကထက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလိုင်စင်များ တိုးချဲ့ချထားပေးကြောင်း သိရသည်။

အဆိုပါ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလိုင်စင်ချထားပေးမှုသည် ၂၀၂၁ ခုနှစ်က ဟိုတယ်နှင့် တည်းခိုရိပ်သာ (၄၉) လုံးသာရှိရာမှ အလုံး (၆၀) အထိ တိုးတက်လာခဲ့ရာ လုပ်ငန်းလိုင်စင်ထုတ်ပေးနိုင်မှု ၂၂ ဒသမ ၄၅ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိဟု NSPNC ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ပြော

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအ ညီများရရှိနိုင်ရေးကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်သည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က အထက်ပါအတိုင်းပြောကြားခဲ့ကြောင်း သိရသည်။ NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAOs)ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ ဇွန် ၉ ရက်က အ လွတ်သဘောတွေ့ဆုံဆွေးနွေးစဥ်ပြောကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်း ချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရန်ဖိတ်ခေါ်ထားကာ အ လွတ်သဘောတွေ့ဆုံဆွေးနွေးမှုများနှင့် တရားဝင်တွေ့ ဆုံဆွေးနွေးမှုများဆက်လက်ဆောင်ရွက်သွားမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် နှစ်ဖက်တာဝန်ရှိသူများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ရာတွင် ဖြေလျှော့မှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒနှင့် လုပ်ငန်းစဉ်များ၊ ယန္တရားများကို အဆင့်ဆင့်ချမှတ်ဆောင်ရွက်နိုင်ရေး၊ ကြိုတင်သတ်မှတ်ချက်များမပါသော...

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ် (တိုင်ပေ)နိုင်ငံသား(၁၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၅)ဦးနှင့် ပါကစ္စတန်နိုင်ငံသား(၂)ဦးတို့အား မြန်မာ-ထိုင်း အ မှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့အား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ် ရရှိလာသည်အထိ ပညာပေးဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ မှာကြား

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် ရေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ကျောင်းနေအရွယ်မှစတင်၍ ရေ၏တန်ဖိုးကို နားလည်သိရှိစေရန် လိုအပ်ကြောင်း၊ အမှိုက်များကို စနစ်တကျ မစွန့်ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာရသည်ကိုလည်း သိရှိနားလည်စေရန် ပညာပေးသင်ကြားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071