ဂါဇာကမ်းမြှောင်ရှိ အင်ဒိုနီးရှားဆေးရုံကို အစ္စရေးက အပြင်းအထန် ပစ်ခတ်

0
288

ဂါဇာကမ်းမြှောင်မြောက်ပိုင်းရှိ အင်ဒိုနီးရှားဆေးရုံတစ်ရုံကို အစ္စရေးအမြောက်တပ်က ပြင်းထန်စွာ ပစ်ခတ်ခဲ့ကြောင်း Al Jazeera သတင်းဌာနက ဖော်ပြထားသည်။

ပစ်ခတ်မှုတွင် လူနာများနှင့် ဒုက္ခသည် အများအပြား ဒဏ်ရာရရှိခဲ့ကာ၊ ဆေးရုံဝင်းထဲတွင် အမြောက်ဆံပေါက်ကွဲသဖြင့် အနည်းဆုံး ဆေးဝန်ထမ်းတစ်ဦး ဒဏ်ရာရခဲ့သည်။

“အင်ဒိုနီးရှားဆေးရုံဝင်းထဲက ထွက်သွားဖို့ ကြိုးစားတဲ့ မည်သူ့ကိုမဆို အစ္စရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်”ဟု သတင်းဌာနက မှတ်ချက်ပြုထားသည်။

ဂါဇာကမ်းမြှောင်မှ ဟားမတ်စ်လက်နက်ကိုင်တပ်ဖွဲ့များ အစ္စရေးနိုင်ငံအတွင်းသို့ ဝင်ရောက်တိုက်ခိုင်ပြီးနောက် အရှေ့အလယ်ပိုင်းတွင် အခြေအနေများ ရုတ်ခြည်း မြင့်တက်လာခဲ့သည်။ ဂျေရုဆလင်မြို့ရှိ ဝတ်ကျောင်းတောင်ပေါ် ရှိ Al Aqsa ဗလီအပေါ် အစ္စရေးအာဏာပိုင်များ၏ လုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် ဟားမတ်စ်တို့က တန်ပြန်တိုက်ခိုက်ခြင်းဟု ဆိုကြသည်။ အစ္စရေးက ဂါဇာကမ်းမြှောင်ကို အလုံးစုံ ပိတ်ဆို့ထားကြောင်း ကြေညာပြီး လက်ဘနွန်နှင့် ဆီးရီးယားရှိ အချို့သော နယ်မြေများကိုလည်း တိုက်ခိုက်မှုများ စတင်ခဲ့သည်။ အနောက်ဘကမ်းခြေတွင်လည်း တိုက်ပွဲမျာဖြစ်ပွားနေလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here