Thursday, June 26, 2025

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင်...

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး...

ရန်ကုန်တိုင်း၌ အမေရိကန်ဒေါ်လာ(၁၁၈)သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုမီးရှို့ဖျ-က်ဆီးခဲ့

၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်နှစ်တာကာလအတွင်းဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများကို ယနေ့ ဇွန် ၂၆...

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လေ့ လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံ...

လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံကြည်မျှော်လင့်ထားသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့...

ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ပူတင်...

ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် တူရကီသို့လာရောက်ရန် သဘောတူပါက မိမိလည်း တူရကီသို့ လာရောက်ရန် အဆင်သင့်ရှိကြောင်း အမေရိကန်သမ္မတ...
HomeNewsLocal Newsသန်လျင်တံတားသစ် အမှတ်(၃) တည်ဆောက်မှု...

သန်လျင်တံတားသစ် အမှတ်(၃) တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

သန်လျင်တံတား အမှတ်(၃) ကို ၂၀၁၉ ခုနှစ်၊ မေလမှစတင်၍ ငါးနှစ်စီမံကိန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်စဥ်ကြောင့် တစ်နှစ်ခန့်ကြာ ရပ်နားခဲ့ကာ ၂၀၂၃ ခုနှစ်တွင် တံတားတည်ဆောက်ရေးလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ အဆိုပါ ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး သန်လျင်တံတားသစ် အမှတ် (၃) တည်ဆောက်မှု ၈၀ ရာခိုင်နှိုန်းထိ ပြီးစီးနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတားဌာနမှ သိရသည်။

ထိုတံတားတည်ဆောက်ရေး စီမံကိန်းအတွက် JICA က ODA ချေးငွေ ဂျပန်ယန်း ၃၁ ဘီလီယံ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး အပိုင်း ၃ ပိုင်းခွဲ၍ တည်ဆောက်နေခြင်းဖြစ်သည်။

ယင်းတံတား၏ အရှည်မှာ ၃၅၀၀ မီတာရှိပြီး တံတားအမျိုးအစားသည် သံကူကွန်ကရစ် + သံမဏိကြိုးဆိုင်းတံတား + သံမဏိရက်မဖြစ်ပြီး အပိုင်း ၁ လုပ်ငန်းတွင် တံတား အရှည် ၁၃၁၂ မီတာ၊ အပိုင်း ၂ လုပ်ငန်းတွင် တံတားအရှည် ၁၃၆၃ မီတာ၊ အပိုင်း ၃ လုပ်ငန်းတွင် တံတားအရှည် ၈၂၅ မီတာပါဝင်ပြီး ပင်မတံတားအကျယ် ၂၂ ဒသမ ၉ မီတာ၊ ရေလမ်းကင်းလွတ်အမြင့် ၁၃ မီတာရှိကာ တံတားခံနိုင်ဝန် ခွင့်ပြုအလေးချိန် ယာဥ်တစ်စီးချင်း ၇၅ တန်အထိဖြစ်ကြောင်း သိရသည်။

” ဒီတံတားပြီးလို့ရှိရင် သီလဝါအထူးစက်မှုဇုန် အပါအဝင် ခရမ်း၊သုံးခွ နဲ့ ကျောက်တန်းမြို့နယ်တို့မှာရှိတဲ့ စီးပွားရေးဇုန်အပြင် ပဲခူးမြို့နယ်ကိုလည်းအလွယ်တကူသွားလို့ရပြီ”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတားဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းတံတားတည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ပြီးစီးနိုင်ရန် လျာထားကြောင်းလည်း သိရသည်။

ယင်းစီမံကိန်း၏ အဓိကရည်ရွယ်ချက်သည် သန်လျင်မြို့နယ်နှင့် ရန်ကုန်မြို့ရှိ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျော့ရန်ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်သို့ သွားလာရာတွင် ယာဉ်လမ်းကြောင်း ပိုမိုချောမွေ့ပြီး အချိန်တိုတွင်း ကုန်စည်သွားလာ ပို့ဆောင်နိုင်ရန် ဖြစ်ကြောင်း သိရသည်။

ယင်းတံတားစီမံကိန်းအတွက် ဂျပန်နှင့် မြန်မာနိုင်ငံတို့အကြား ချေးငွေသဘောတူစာချုပ်ကို ၂၀၁၇ ခုနှစ်၊ မတ် ၁ ရက်နေ့က ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီးလက်ရှိအသုံးပြုနေသည့် သံလျင်တံတားအမှတ်-၁ သည် တရုတ်နိုင်ငံမှ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကာ ရထားလမ်း ပါရှိခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားမည်

ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Mr. Aliaksandr Khajayeu တို့ဆွေးနွေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌသည် ယနေ့ ဇွန် ၂၆ ရက်နံနက်ပိုင်းက ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ Belmedpreparaty ဆေးဝါးစက်ရုံအားသွားရောက်လေ့လာစဥ် ဆွေး နွေးခဲ့ကြခြင်းဖြစ်သည်။ Belmedpreparaty ဆေးဝါးစက်ရုံသို့ရောက်ရှိစဥ် နစက ဥက္ကဋ္ဌသည် စက်ရုံရှေ့၌ပြသထားသည့် ဆေး ကုသရေးအထောက်အကူပြု မော်တော်ယာဉ်များ၊ ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်ထားသည့် ဆေးဝါးများပြခန်း၊ ဆေးကုသမှုများဆောင်ရွက်ရာတွင်အ သုံးပြုသည့်...

ရန်ကုန်တိုင်း၌ အမေရိကန်ဒေါ်လာ(၁၁၈)သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုမီးရှို့ဖျ-က်ဆီးခဲ့

၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်နှစ်တာကာလအတွင်းဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများကို ယနေ့ ဇွန် ၂၆ ရက်ကမီးရှို့ဖျ-က်ဆီးခဲ့ကြသည်။ ထိုသို့ ပြုလုပ်ရာ ရန်ကုန်တိုင်း၊ လှိုင်သာယာ(အ နောက်ပိုင်း)မြို့နယ်၊ ကုန်တင်ယာဉ်ရပ်နားကွင်း၌ ကျင်းပသည့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများမီးရှို့ဖျ-က်ဆီးခြင်းအခမ်းအနားတွင် ငွေကျပ်(၄၂၄)ဘီလီယံခန့်(အမေရိကန်ဒေါ်လာ ၁၁၈ သန်းခန့်)အား မီးရှို့ဖျ-က်ဆီးခဲ့ကြသည်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှဖမ်းဆီးရမိခဲ့သော ဘိန်း(၃၅)ကီလိုခန့်၊ ဘိန်းဖြူ(၁၇၃)ကီလိုကျော်၊ စိတ်ကြွဆေးပြား(၇၃) သန်းကျော်၊ အိုက်စ်(၁၀,၄၇၆)ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး (Happy Water)...

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လေ့ လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံ ကြည်မျှော်လင့်ထားဟု နစက ဥက္ကဋ္ဌပြော

လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံကြည်မျှော်လင့်ထားသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ ဇွန် ၂၆ ရက်နံနက်ပိုင်းက ဥရောပ-အာရှစီးပွားရေးကော်မရှင်(EEC)ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Mr.Bakytzhan Abdirovich Sagintayev နှင့်တွေ့ ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုတွေ့ဆုံဆွေးနွေးမှုမှတဆင့် မိမိတို့မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)အဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တွန်း အားဖြစ်စေမည်ကိုယုံကြည်ပြီး မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)တို့ကြား ၂၀၂၃ ခုနှစ်တွင် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာကိုလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်ဟု ပြောသည်။ ထို့ပြင် ၂၀၂၃...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071