Friday, April 24, 2026

ကမ္ဘောဒီးယားအမတ်ကို အမေရိက က ပိတ်ဆို့အရေးယူ

ကမ္ဘောဒီးယား အထက်လွှတ်တော်အမတ် Kok An ကို အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ပိတ်ဆို့အရေးယူမှု ကြေငြာခဲ့ပြီး ၎င်းသည် လိမ်လည်လှည့်စားသော အော်ပရေတာကွန်ရက်ကို ကာကွယ်ဖို့အတွက်...

နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်နှင့် ဆေးကုသမှုများအား လူဦးရေ(၁)သိန်းအတွက် စတင်ဆောင်ရွက်မည်

ရက်(၁၀၀)စီမံချက်အနေဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ရှိ နှလုံးဆေးကုဌာနများတွင် တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်နှင့် ဆေးကုသမှုများအား လူဦးရေ(၁)သိန်းအတွက် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၏ပြောကြားချက်အရ သိရသည်။ နိုင်ငံတော်သမ္မတ၏...

LNG တင်သွင်းရေးအတွက် ဒေါ်လာ ၄...

မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) က သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းသည့်ကုမ္ပဏီတစ်ခုသို့ အမေရိကန်ဒေါ်လာ ၄ သန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။ ဧပြီလ ၂၃ ရက်နေ့တွင်...

နိုင်ငံတကာတွင် မြန်မာ့အလံလွှင့်ထူနိုင်ရန် Esports Nations...

​မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) သည် လာမည့် Esports Nations Cup (ENC) 2026 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ကြမည့် အသင်းများကို...
HomeCelebrities' News၁၀၃နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနား...

၁၀၃နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနား နဲ့ ၄၆ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနား

၁၀၃နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနား နဲ့ ၄၆ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနား ကို အောက်တိုဘာလ ၁၃ရက်နေ့ နံနက်၉နာရီ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးစီးပြီး အသက်၇၀ နှစ်နှင့်အထက် ရုပ်ရှင် သက်ကြီး အနုပညာရှင်၊အတတ်ပညာရှင်များကို နှစ်စဉ်ပူဇော်ခဲ့တာ ၄၆ကြိမ် တိုင်ခဲ့ပြီး အဆိုပါ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။

ရုပ်ရှင်သက်ကြီး အနုပညာရှင်၊အတတ်ပညာရှင်များ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ၊နိုင်ငံတော်ဝန်ကြီးချုပ်၊ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သက်ကြီး ကန်တော့ခံများကို ငွေကျပ် သိန်း၁၀၀၊ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း က ငွေကျပ် သိန်း၁၅၀၊ပြန်ကြားရေး ဝန်ကြီးဌာန မှ ငွေကျပ် သိန်း ၂၀ လှူဒါန်းခဲ့ကြပြီး သက်ဆိုင်ရာနယ်ပယ်အသီးသီး မှ လှူဒါန်းသူများ နဲ့ အနုပညာရှင်များကလည်း အလှူငွေများ အသီးသီး လှူဒါန်းခဲ့ကြပါတယ်။

အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က မုဒိတာ စကားမြွက်ကြားခဲ့ကြပြီး ရုပ်ရှင်သက်ကြီးပညာရှင်များကို ပူဇော်ကန်တော့ခဲ့ကြသလို တက်ရောက်လာသော ဧည့်သည်တော်များကလည်း နိဗ္ဗာန်စျေးကို လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယားအမတ်ကို အမေရိက က ပိတ်ဆို့အရေးယူ

ကမ္ဘောဒီးယား အထက်လွှတ်တော်အမတ် Kok An ကို အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ပိတ်ဆို့အရေးယူမှု ကြေငြာခဲ့ပြီး ၎င်းသည် လိမ်လည်လှည့်စားသော အော်ပရေတာကွန်ရက်ကို ကာကွယ်ဖို့အတွက် သူ့၏ သြဇာဖြင့် ချိတ်ဆက်မှုများကို အသုံးပြုခဲ့သည်ဟု စွပ်စွဲလိုက်သည်။ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က An နှင့် ၎င်း၏ကွန်ရက်ရှိ လူပုဂ္ဂိုလ် ၂၈ ဦးကို လိမ်လည်လှည့်ဖြားသော အကြံအစည်များဖြင့် ငွေကြေးအမြောက်အမြားပေးဆောင်ရန် ဖြားယောင်း သွေးဆောင်သည်ဟု စွပ်စွဲကာ အရေးယူမည်ဖြစ် ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ "မိတ်သဟာရဖွဲ့မှု သို့မဟုတ် ချစ်ခြင်းမေတ္တာ ဆက်ဆံရေးကို အသုံးပြု၍...

နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်နှင့် ဆေးကုသမှုများအား လူဦးရေ(၁)သိန်းအတွက် စတင်ဆောင်ရွက်မည်

ရက်(၁၀၀)စီမံချက်အနေဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ရှိ နှလုံးဆေးကုဌာနများတွင် တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်နှင့် ဆေးကုသမှုများအား လူဦးရေ(၁)သိန်းအတွက် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၏ပြောကြားချက်အရ သိရသည်။ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များနှင့် ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် ကျန်းမာရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဧပြီ ၂၃ ရက်က ရှင်းလင်းပြောကြားရာ၌ ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လုံခြုံတည်ငြိမ်အေးချမ်းမှုရှိသောကျေးရွာတိုင်း၌ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ရက်(၁၀၀) စီမံချက်တွင် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကာ နေပြည်တော်နှင့် တိုင်း/ပြည်နယ်(၁၄)ခု၌ သူနာပြုသင်တန်းကျောင်း (၁၅) ကျောင်းကို သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်သွားမည်ဟုလည်းပြောကြားခဲ့ကြောင်း သိရသည်။ ပြည်သူ့ဆေးရုံကြီးများတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းများအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကိုတိုးမြှင့်ခြင်း၊ နိုင်ငံတော်နှင့်ပြည်သူများ၏...

LNG တင်သွင်းရေးအတွက် ဒေါ်လာ ၄ သန်း ဗဟိုဘဏ်ထုတ်ရောင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) က သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းသည့်ကုမ္ပဏီတစ်ခုသို့ အမေရိကန်ဒေါ်လာ ၄ သန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။ ဧပြီလ ၂၃ ရက်နေ့တွင် ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်များနှင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များပါဝင်သည့် FX Trading Platform မှတစ်ဆင့် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက်မှ အမေရိကန်ဒေါ်လာ ၄ သန်းကို LNG တင်သွင်းရေးကုမ္ပဏီသို့ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါနေ့တွင်ပင် စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၃.၇၆၅ သန်း၊ Non-Trade လုပ်ငန်းများအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071