ရန်ကုန်တိုင်း၊ပုဇွန်တောင်မြို့နယ်၊(၅)ရပ်ကွက်ရှိ Gas ဆိုင်တစ်ဆိုင်တွင် စက်တင်ဘာ ၃၀ ရက် (ယ နေ့)နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
ယနေ့နံနက် ၉ နာရီ ၄၆ မိနစ်ခန့်က ပုဇွန်တောင်မြို့နယ်၊(၅)ရပ်ကွက်၊အောက်ပုဇွန်တောင်လမ်းရှိ Gas ဆိုင်တစ်ဆိုင်၏ အနောက်ခန်းအတွင်း Gas အိုးအကြီးမှ Gas အိုးအသေးသို့ Gas ထည့်နေစဥ် Gas အိုးအကြီးတွင်တပ်ဆင်ထားသည့် ပိုက်ပြုတ်ထွက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၄၇ မိနစ်၌ မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
မီးလောင်ကျွမ်းမှုဖြစ်စဥ်ကြောင့် Gas ဆိုင်မှအလုပ်သမား အမျိုးသား ၄ ဦးနှင့်အမျိုးသမီး ၁ ဦး (စုစုပေါင်း ၅ ဦး)တို့တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
