Saturday, June 6, 2026

ပြည်သူဗဟိုပြု ဘင်းမ်စတက်အသိုက်အဝန်း တည်ဆောက်ရန် နိုင်ငံတော်သမ္မတ...

ဘင်းမ်စတက် (BIMSTEC) ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် တည်ထောင်ခြင်း (၂၉) နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လက်ရှိမျိုးဆက်နှင့်...

ရန်ကုန်ဆေးရုံကြီးတွင် ရုပ်အလောင်းထုတ်ယူရာ၌ ငွေမတရားတောင်းခံမှု ပပျောက်ရေး...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသူများ၏ ရုပ်အလောင်းများ ထုတ်ယူသယ်ဆောင်ရာ၌ တရားမဝင် ငွေကြေးတောင်းခံမှုများနှင့် ငွေမတရားတောင်းခံမှုများ လျော့နည်းပပျောက်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်မှုများ ပြုလုပ်ထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဇွန် ၅...

မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ တိုးမြှင့်ရေး ဆွေးနွေး၊...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ တရားဝင်ခရီးရောက်ရှိနေစဉ် ဇွန် ၅...

အိန္ဒိယရောက် မြန်မာသံဃာတော်နှင့် သီလရှင် (၆၃)...

အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော မြန်မာသံဃာတော်နှင့် သီလရှင်များအား အားပေးထောက်ပံ့သည့်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိသားစုက ဇွန် ၅ ရက်တွင် နေ့ဆွမ်းနှင့်...
HomeNewsLocal Newsဘီလီယံနှင့်ချီတန်သည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုခပ်စိပ်စိပ်ဖြစ်လာ

ဘီလီယံနှင့်ချီတန်သည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုခပ်စိပ်စိပ်ဖြစ်လာ

မြန်မာနိုင်ငံတွင် ယုခုရက်ပိုင်းအတွင်း ဘီလီယံနှင့်ချီ တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိမှုများမှာ အကြိမ်ရေ ခပ်စိပ်စိပ် ဖြစ်ပွားလာကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ယင်းသို့ ဖြစ်ပွားလျက်ရှိရာ စက်တင်ဘာ (၂၄) ရက် နံနက်ပိုင်းကလည်း ရမည်းသင်းမြို့နယ်၌ ငွေကျပ် ၈ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ အိုက်စ်(၄၃၅)ကီလိုအား SURF ကားပေါ်မှ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းနေ့ နံနက် ၁ နာရီခွဲခန့်က မန္တလေးတိုင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ငါးတဲစုကျေးရွာအနီး တောလမ်းတွင် ပင်လောင်းဘက်မှ ရမည်းသင်းဘက်သို့ ကိုဖြိုး (ခ) အောင်သူဖြိုး မောင်းနှင်လာသည့်ဆိုင်ကယ်နှင့် အောင်ကျော်စွာ (ခ) ကျော်စွာမောင်းလာသည့် TOYOTA HILUX SURF ကားတို့ကို ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေစစ်ဆေးခဲ့ရာ SURF ကားပေါ်မှ ရှမ်းပြည်နယ်မှမန္တလေးတိုင်းသို့ သယ်လာသည့် ငွေကျပ် ၈ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၃၅ ကီလိုကိုဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးရမိခဲ့သည့်အတွက် ၎င်းတို့အား သက်ဆိုင်ရာရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၁) ရက်ကလည်း မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်း၌ ၂၂ ဘီးတွဲကားပေါ်တွင် ပြောင်းဆံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့်ငွေကျပ် ၁၈ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၂ ဒသမ ၅၅ သန်းကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

အလားတူ စပ်တင်ဘာ (၂၀) ရက်ကလည်း ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ငွေကျပ် ၂ ဒသမ ၀၄၉ ဘီလီယံတန်ဖိုးရှိ အိုက်စ် ၂၅၄ ကီလိုအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူဗဟိုပြု ဘင်းမ်စတက်အသိုက်အဝန်း တည်ဆောက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

ဘင်းမ်စတက် (BIMSTEC) ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် တည်ထောင်ခြင်း (၂၉) နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လက်ရှိမျိုးဆက်နှင့် နောင်လာမည့် မျိုးဆက်သစ်များအတွက် ပိုမိုကြံ့ခိုင်ပြီး တက်ကြွကာ ပြည်သူဗဟိုပြုသော ဘင်းမ်စတက်အသိုက်အဝန်းတစ်ရပ်ကို အတူတကွ တည်ဆောက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ဇွန် ၆ ရက်တွင် ကျရောက်သည့် ဘင်းမ်စတက်အထိမ်းအမှတ်နေ့သည် ဒေသတွင်းရှိ ကြီးမားသည့် အလားအလာများနှင့် ယင်းအလားအလာများကို အကောင်အထည်ဖော်ရာတွင် ညီညွတ်မှု၏ အရေးပါပုံကို ပြန်လည်သတိပြုစေသည့် အခါသမယဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ ထို့ပြင် ဘင်းမ်စတက်အဖွဲ့သည် (၂၉)...

ရန်ကုန်ဆေးရုံကြီးတွင် ရုပ်အလောင်းထုတ်ယူရာ၌ ငွေမတရားတောင်းခံမှု ပပျောက်ရေး စီမံဆောင်ရွက်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသူများ၏ ရုပ်အလောင်းများ ထုတ်ယူသယ်ဆောင်ရာ၌ တရားမဝင် ငွေကြေးတောင်းခံမှုများနှင့် ငွေမတရားတောင်းခံမှုများ လျော့နည်းပပျောက်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်မှုများ ပြုလုပ်ထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဇွန် ၅ ရက်တွင် ထုတ်ပြန်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဇွန် ၁ ရက်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ပရဟိတအသင်းအဖွဲ့များမှ ကိုယ်စားလှယ် စုစုပေါင်း ၅၅ ဦးခန့် တက်ရောက်သည့် ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် ရုပ်အလောင်းတင်ယာဉ်နှင့် လူနာတင်ယာဉ်များကို အခမဲ့ သို့မဟုတ် သင့်တင့်မျှတသောနှုန်းထားဖြင့် ပို့ဆောင်ပေးနိုင်မည့် ပရဟိတအသင်းများ၏...

မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ တိုးမြှင့်ရေး ဆွေးနွေး၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား တရုတ်က ဆက်လက်ထောက်ခံမည်ဟု ဝမ်ယိ ပြောကြား

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ တရားဝင်ခရီးရောက်ရှိနေစဉ် ဇွန် ၅ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းလာစေရေး၊ “အေးအတူ ပူအမျှ အသိုက်အဝန်း” တည်ဆောက်ရေး၊ နှစ်နိုင်ငံအကြား လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေးနှင့် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071