Friday, May 30, 2025

ငြိမ်းချမ်းရေးဆွေးနွေးပွဲအရှိန်အဟုန်ကိုထိန်းထားရန်ရုရှားနှင့်ယူကရိန်းကိုတရုတ်တောင်းဆို

ကုလသမဂ္ဂ၊မေ ၂၉ ငြိမ်းချမ်းရေးဆွေးနွေးပွဲအရှိန်အဟုန်ကိုထိန်းထားရန်ရုရှားနှင့်ယူကရိန်းတို့ကိုတရုတ်သံတမန်က ကြာသပတေးနေ့ကတောင်းဆိုခဲ့သည်ဟုသိရသည်။ ရုရှားနှင့်ယူကရိန်းတို့သည် မကြာသေးမီကအစ္စတန်ဘူလ်တွင်တိုက်ရို-က်ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြပြီး အကျဉ်းသားများလဲလှယ်ရေးသဘောတူညီခဲ့ကာမကြာမီတွင်ဒုတိယအကြိမ်မြောက်တိုက်ရို-က်ဆွေးနွေးပွဲကိုကျင်းပတော့မည်ဖြစ်သည်။ တရုတ်နိုင်ငံသည်ယင်းကဲ့သို့ အပြုသဘောဆောင်သည့်တိုးတက်မှုများကိုကြိုဆိုပြီး ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းမှုအားလုံးကိုထောက်ခံကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏အမြဲတမ်းကိုယ်စားလှယ်ကပြောကြားခဲ့သည်။ သို့သော်လည်း တိုက်ပွဲများသည် ရပ်တန့်သွားမည့် အရိပ်အယောင်မပြဘဲ အရပ်သားသေဆုံးမှု...

ထိုင်းနှင့်ကမ္ဘောဒီးယားကနယ်စပ်မှတပ်ဖွဲ့များရုပ်သိမ်းဖို့သဘောတူ

ဘန်ကောက်၊မေ ၂၉ ထိုင်းနှင့်ကမ္ဘောဒီးယား တို့သည် ဗုဒ္ဓဟူးနေ့ကခဏတညအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အငြင်းပွားနယ်စပ်ဒေသမှတပ်ဖွဲ့ဝင်များကိုရုပ်သိမ်းရန် ကြာသပတေးနေ့က သဘောတူညီခဲ့ကြကြောင်း ထိုင်းစစ်တပ်ကသတင်းထုတ်ပြန်ခဲ့သည်။ ထိုင်းအရှေ့မြောက်ပိုင်း ဆူရင်ပြည်နယ် နယ်ခြားဂိတ်တစ်ခုဖြစ်သည့် Chong Chom နယ်စပ်ဂိတ်၌...

ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲကျင်းပ

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ကြုံတွေ့ခဲ့ရသည့် နိုင်ငံ၏ ပျက်စီးဆုံးရှုံးခဲ့ရမှုများနှင့်ပတ်သက်၍ ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲအား ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ကျင်းပခဲ့သည်။ အခမ်းအနားအား နေပြည်တော်ရှိ...

“အခက်တွေ့နေရသလို” ခံစားနေရဟု အီလွန်မတ်ဟ်ဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့နဲ့ သူ့ရဲ့ အစိုးရထိရောက်မှုဌာန(DOGE) ကို ကြီးကြပ်ကွပ်ကဲမှုနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိခဲ့တာကြောင့် "အခက်တွေ့နေရတယ်" လို့ ခံစားနေရကြောင်း အမေရိကန်စီးပွားရေးသမား အီလွန်မတ်စ်ကပြောကြားခဲ့ပါတယ်။ "အင်တာဗျူးမှာဒါကို...
HomeInternationalရုရှားနှင့်မြောက်ကိုရီးယားတို့၏စစ်ရေးပူးပေါင်းဆောင်ရွက်မှုအပေါ် ဂျပန်၊တောင်ကိုရီးယားနှင့်အမေရိက တို့စိုးရိမ်နေ

ရုရှားနှင့်မြောက်ကိုရီးယားတို့၏စစ်ရေးပူးပေါင်းဆောင်ရွက်မှုအပေါ် ဂျပန်၊တောင်ကိုရီးယားနှင့်အမေရိက တို့စိုးရိမ်နေ

ဆိုးလ်၊စက်တင်ဘာ ၂၃

လက်နက်ကုန်သွယ်မှုအပါအဝင် မြောက်ကိုရီးယားနှင့်ရုရှားတို့၏ စစ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းအား စိုးရိမ်ပူပန်မိကြောင်း ဂျပန်၊တောင်ကိုရီးယားနှင့် အမေရိက နိုင်ငံများ၏နိုင်ငံခြားရေးဝန်ကြီးများကပြောကြားခဲ့သည်ဟုသိရသည်။

ကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်၊တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ပက်ခ်ဂျင်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကိုခါမိခဝ တို့ကမူ ကုလလုံခြုံရေးကောင်စီ၏စည်းမျဉ်းများကိုချိုးဖောက်ကာ ဒေသတွင်းလုံခြုံရေးကိုထိပါးလာပါက သုံးနိုင်ငံပေါင်းပြီးခိုင်မာစွာတုံ့ပြန်ရန်လည်းသဘောတူညီခဲ့ကြသည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်းသည် ရုရှားသို့တစ်ပတ်ကြာသွားရောက်ခဲ့ပြီး သမ္မတပူတင်နှင့် နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်ပါဆွေးနွေးခဲ့ကြောင်းသိရသည်။

ရုရှားအနေဖြင့်ယူကရိန်းစစ်ကိုဆက်တိုက်နိုင်ရန် မြောက်ကိုရီးယားထံမှ လက်နက်အထောက်အပံ့ကိုယူနိုင်သကဲ့သို့ မြောက်ကိုရီးယားဘက်ကလည်း ၎င်း၏နျူနှင့်ဒုံးကျည်တိုးတက်ရေးအတွက် ရုရှားထံမှ နည်းပညာအကူအညီများရရှိနိုင်ရန်မျှော်လင့်ထားသည်။

၎င်းတို့နှစ်နိုင်ငံအနေဖြင့် အားလုံးကိုဂရုမစိုက်ပဲ ဖြစ်ချင်ရာဖြစ်ဆက်လုပ်နေမည်ဆိုပါက ယခုလုပ်ရပ်သည် တိုက်ရိုက်စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သဖြင့် တောင်ကိုရီးယားနှင့်၎င်း၏မဟာမိတ်များက သည်းခံနေမည်မဟုတ်ကြောင်းလည်းတောင်ကိုရီးယားသမ္မတကပြောကြားခဲ့သည်။

Source : Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငြိမ်းချမ်းရေးဆွေးနွေးပွဲအရှိန်အဟုန်ကိုထိန်းထားရန်ရုရှားနှင့်ယူကရိန်းကိုတရုတ်တောင်းဆို

ကုလသမဂ္ဂ၊မေ ၂၉ ငြိမ်းချမ်းရေးဆွေးနွေးပွဲအရှိန်အဟုန်ကိုထိန်းထားရန်ရုရှားနှင့်ယူကရိန်းတို့ကိုတရုတ်သံတမန်က ကြာသပတေးနေ့ကတောင်းဆိုခဲ့သည်ဟုသိရသည်။ ရုရှားနှင့်ယူကရိန်းတို့သည် မကြာသေးမီကအစ္စတန်ဘူလ်တွင်တိုက်ရို-က်ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြပြီး အကျဉ်းသားများလဲလှယ်ရေးသဘောတူညီခဲ့ကာမကြာမီတွင်ဒုတိယအကြိမ်မြောက်တိုက်ရို-က်ဆွေးနွေးပွဲကိုကျင်းပတော့မည်ဖြစ်သည်။ တရုတ်နိုင်ငံသည်ယင်းကဲ့သို့ အပြုသဘောဆောင်သည့်တိုးတက်မှုများကိုကြိုဆိုပြီး ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းမှုအားလုံးကိုထောက်ခံကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏အမြဲတမ်းကိုယ်စားလှယ်ကပြောကြားခဲ့သည်။ သို့သော်လည်း တိုက်ပွဲများသည် ရပ်တန့်သွားမည့် အရိပ်အယောင်မပြဘဲ အရပ်သားသေဆုံးမှု အရေအတွက်လည်း ဆက်လက်မြင့်တက်လျက်ရှိနေသဖြင့်နေ့ချင်းညချင်း ဖြေရှင်း၍မရနိုင်ကြောင်းလည်း ၎င်းကလုံခြုံ‌ရေးကောင်စီကိုပြောကြားခဲ့သည်။ နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် အဓိကသက်ဆိုင်သူများသည် အကျပ်အတည်းကို နိုင်ငံရေးအရဖြေရှင်းရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အရှိန်မြှင့်တင်သင့်သည်ဟုလည်း ၎င်းကဆိုသည်။ ယူကရိန်းအရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ရပ်တည်ချက်သည် တသမတ်တည်းဖြစ်ကာရိုးရှင်းကြောင်းလည်း၎င်းကဆိုသည်။အကျပ်အတည်းစတင်ကတည်းက တရုတ်သည် တွေ့ဆုံဆွေးနွေးရေး၊စေ့စပ်ညှိနှိုင်းရေးနှင့် နိုင်ငံရေးအရအဖြေရှာရန်သာတောင်းဆိုခဲ့သည်ဟုလည်းသူကပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည်ရုရှားနှင့်ယူကရိန်းနှစ်နိုင်ငံလုံးနှင့် အဆက်အသွယ်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အရှိန် မြှင့်တင်ရန် တစိုက်မတ်မတ်လုပ်ဆောင်နေသည်ဟု လည်း၄င်းက ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

ထိုင်းနှင့်ကမ္ဘောဒီးယားကနယ်စပ်မှတပ်ဖွဲ့များရုပ်သိမ်းဖို့သဘောတူ

ဘန်ကောက်၊မေ ၂၉ ထိုင်းနှင့်ကမ္ဘောဒီးယား တို့သည် ဗုဒ္ဓဟူးနေ့ကခဏတညအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အငြင်းပွားနယ်စပ်ဒေသမှတပ်ဖွဲ့ဝင်များကိုရုပ်သိမ်းရန် ကြာသပတေးနေ့က သဘောတူညီခဲ့ကြကြောင်း ထိုင်းစစ်တပ်ကသတင်းထုတ်ပြန်ခဲ့သည်။ ထိုင်းအရှေ့မြောက်ပိုင်း ဆူရင်ပြည်နယ် နယ်ခြားဂိတ်တစ်ခုဖြစ်သည့် Chong Chom နယ်စပ်ဂိတ်၌ ထိုင်းကြည်းတပ်အကြီးအကဲနှင့် ကမ္ဘောဒီးယားတော်ဝင်တပ်မတော်အကြီးအကဲတို့ တွေ့ဆုံပြီးနောက် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူကမူနှစ်နိုင်ငံတပ်မတော်‌ခေါင်း‌ဆောင်များသည် နယ်စပ်အငြင်းပွားမှုများကိုအမြန်ဖြေရှင်းရန်အတွက်နှစ်နိုင်ငံ၏အစိုးရအဆင့်မူဘောင်ဖြစ်သည့် ပူးတွဲနယ်နိမိတ်ကော်မီတီ (JBC) ကို အသုံးပြုရန် သဘောတူညီခဲ့ကြောင်းလည်းသိရသည်။ တစ်ချိန်တည်းမှာပင်ကမ္ဘောဒီးယားဘုရင့်တပ်မတော်၏ သတင်းထုတ်ပြန်ချက်၌ တပ်မတော်နှစ်ရပ်မှ တာဝန်ရှိသူများသည် နယ်စပ်စစ်ဆေးရေးဂိတ်၌ ၄၅ မိနစ်ကြာတွေ့ဆုံခဲ့ကြသည်ဟုလည်းသိရသည်။ "နှစ်ဘက်စလုံးအနေနဲ့ကမ္ဘောဒီးယား-ထိုင်း နယ်နိမိတ်သတ်မှတ်ရေးဆိုင်ရာပူးတွဲနယ်နိမိတ်ကော်မတီ၊ကမ္ဘောဒီးယား-ထိုင်း အထွေထွေနယ်နိမိတ်ကော်မတီနဲ့ ၂၀၀၀ ပြည့်နှစ်က သဘောတူခဲ့တဲ့ ကမ္ဘောဒီးယား-ထိုင်း နယ်နိမိတ်သတ်မှတ်ရေးနားလည်မှုစာချွန်လွှာအပါအဝင် လက်ရှိအခြေအ နေ‌တွေကတစ်ဆင့်ဆက်လက်ဖြေရှင်းသွားမှာပါ” ဟုလည်း...

ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲကျင်းပ

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ကြုံတွေ့ခဲ့ရသည့် နိုင်ငံ၏ ပျက်စီးဆုံးရှုံးခဲ့ရမှုများနှင့်ပတ်သက်၍ ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲအား ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ကျင်းပခဲ့သည်။ အခမ်းအနားအား နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင်ကျင်းပရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။ နစက ဥက္ကဋ္ဌမှ ယနေ့ကျင်းပသောဖိုရမ်သည် ငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် မြန်မာ့စီးပွားရေးကို မည်သို့ပြန်လည်ကုစားမလဲ၊ မည်သို့ပြန်လည်ထူထောင်ကြမလဲ၊ ထိုသို့ပြန်လည်ကုစား၊ ပြန်လည်ထူထောင်မှုများမှ မည်သို့အခွင့်အလမ်းများရှိလာနိုင်မည်လဲဆိုသည်ကို လူမှုစီးပွားအမြင်ရှုထောင့်များ၊ ပြည်တွင်းနှင့်နိုင်ငံတကာပညာရှင်များ၏ သုံး သပ်မှုများ၊ လက်တွေ့ထိခိုက်ခံစားခဲ့ရသော စီးပွား ရေးနယ်ပယ်အသီးသီးမှ အကြံပြုချက်များကို စုစည်းဆွေးနွေးတင်ပြသွားကြမည်ဟု ပြောကြားခဲ့သည်။ ထို့နောက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071