မော်ရိုကိုငလျင်က လူပေါင်း ၂ ဒသမ ၈ သန်းအားထိခိုက်စေခဲ့

0
195

ရာဘတ်ထ်၊စက်တင်ဘာ ၂၃

မော်ရိုကိုငလျင်ကြောင့် လူဦးရေ ၂ ဒသမ ၈ သန်းရှိသည့် အက်တ်လပ်စ် တောင်တန်း‌ဒေသများ၏ ရွာပေါင်း ၂,၉၃၀ မှာ ထိခိုက်ပျက်စီးခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးက စက်တင်ဘာ ၂၂ ရက်တွင်ပြောကြားခဲ့သည်။

ပြင်းအား ၆ ဒသမ ၈ ရစ်ခ်ျတာစကေးရှိသည့်ငလျင်လှုပ်ခတ်မှုကြောင့် မော်ရိုကိုနိုင်ငံ၏ ဝေးလံခေါင်သီပြီး လမ်းပမ်းဆက်သွယ်မှုခက်ခဲရာဒေသများ၌ ဆိုးရွားစွာထိခိုက်ပျက်စီးခဲ့ပြီး လူပေါင်း ၂,၉၀၀ ကျော်သေဆုံးခဲ့ကြောင်းသိရသည်။

ဒေသတွင်းရှိ အိမ်ခြေ ၅၉,၆၇၄ လုံး အနည်းဆုံး ပျက်စီးခဲ့ပြီး ယင်းတို့အနက် ၃၂ ရာခိုင်နှုန်းမှာ လုံးဝပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီး Faouzi Lekjaa က လွှတ်တော်သို့တင်ပြချက်တစ်ခု၌ပြောကြားခဲ့သည်။

ငလျင်ဒဏ်သင့်ဒေသများသည် မော်ရိုကိုနိုင်ငံ၏ အဆင်းရဲဆုံးဒေသများထဲတွင်ပါဝင်ပြီး အဆိုပါငလျင်ဒဏ်ကြောင့်ပင် လက်ရှိအချိန်၌ ဝေးလံခေါင်သီသောကျေးရွာအများအပြားတွင် လမ်းများနှင့်ပြည်သူ့ဝန်ဆောင်မှုများပါ ပြတ်တောက်လျက်ရှိသည်ဟုလည်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here