MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားမှတစ်ဆင့် မြန်မာလုပ်သား ၄၅၂ ဦးကို ထပ်မံစေလွှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ MoU လုပ်သားများကို ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၈ ခုမှ စက်တင်ဘာ ၂၂ ရက်နေ့တွင်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများမှာ Grand Asia Force အေဂျင်စီ၊ Pyae Wa San အေဂျင်စီ၊ ရွှေမြန်မာအောင် အေဂျင်စီ၊ Royal Four Sea အေဂျင်စီ၊ မြင့်မိုရ်ချမ်းသာ အေဂျင်စီ၊ Gold Silver Diamond အေဂျင်စီ၊ ပြည့်ပိုင်မှူး အေဂျင်စီနှင့်၊ ရွှေလာဘ်ပွင့် အေဂျင်စီတို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယခုလအတွင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၁၀ ခုကျော်ထပ်တိုးလာပြီး အရေအတွက် ၄၇၀ နီးပါးရှိလာပြီဖြစ်ကြောင်းအလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
အလုပ်သမားဝန်ကြီးဌာနမှ ပြည်ပသို့ထွက်ခွာအလုပ်လုပ်မည့် သူများအနေဖြင့် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှတစ်ဆင့် လွှဲရန်ဆိုသည့် အချက်ကို လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး စည်းကမ်းမလိုက်နာပါက နောက်တစ်ကြိမ် ပြည်ပထွက်ခွာလုပ်ကိုင်ခွင့် သုံးနှစ် ပိတ်ပင်တားမြစ်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
