ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်၊မကျည်းရေကျေးရွာအနီးတွင် စက်တင်ဘာ ၂၁ ရက်နေ့လည်ပိုင်းက ငွေကျပ် ၂၅၂၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များကိုဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။
ယင်းနေ့နေ့လည် ၃ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊မကျည်းရေကျေးရွာအနီးတွင် ဟုန်ကျင်ဟုန်(၂၄)နှစ်မောင်းလာသည့် ဆိုင်ကယ်အားတားဆီးစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ် ၂၅၂၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၅ ဒသမ ၀၅ ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူအား နောင်ချိုမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။