မျိုးသုဥ်းမည့်အန္တရာယ်ကျရောက်သွားနိုင်သည့် အဆင့်သတ်မှတ်ထားသော ကြိုးကြာခေါင်းနီဌက်သိုက်ကို မြန်မာတွင်တွေ့ရှိ

0
177

အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ ၏ အနီရောင်စာရင်းအရ မျိုးသုဥ်းမည့်အန္တရာယ်ကျရောက်သွားနိုင်သည့် အဆင့်အဖြစ်သတ်မှတ်ထားသော ဥ ၃ လုံးဥသည့် ကြိုးကြာခေါင်းနီဌက်သိုက်ကို ပထမဆုံးတွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဥ ၃ လုံးဥသည့် ကြိုးကြာခေါင်းနီဌက်များသည် ဥပဒေအရကာကွယ်ပေးထားသည့် ဌက်မျိုး စိတ်ဖြစ်ကာ မြန်မာနိုင်ငံ၌ ဧရာဝတီတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် အများဆုံးတွေ့ရှိရကြောင်း သိရသည်။

ဧရာဝတီတိုင်းရှိ ကြိုးကြာခေါင်းနီ
ဌက်များ၏ ကောင်ရေသားပေါက်မှုနှင့်နေထိုင်ကျက်စားသည့်နေရာများကို သက်ဆိုင်ရာတာဝန်ရှိသူများက ၂၀၁၅ ခုနှစ်မှစတင်၍ ကွင်းဆင်းလေ့လာခဲ့ကြရာမှ ကြိုးကြာခေါင်းနီဌက်သိုက်ကို ပထမဆုံးတွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။

ကြိုးကြာခေါင်းနီဌက်များသည် စပါးကွင်းများနှင့်သဘာဝရေဝပ်ဧရိယာများအနီးရှိ မြက်ရိုင်းတောများတွင် အသိုက်ပြုလုပ်လေ့ရှိကာ ဥ ဥပြီးရက်ပေါင်း ၃၀ ခန့်အကြာတွင်သားပေါက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here