ကန်အမျိုးသားလုံခြုံရေးအကြံပေးနှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ပွင့်လင်းပြီးအပြုသဘောဆောင်သည့်ဆွေးနွေးမှုပြုခဲ့ဟုဆို

0
214

ပေကျင်း၊စက်တင်ဘာ ၁၈

ပေကျင်းနှင့်ဝါရှင်တန်တို့သည် နှစ်နိုင်ငံကြားရှိပြဿနာများအား တည်ငြိမ်မှုရစေရန်ကြိုးပမ်းနေစဉ် ကန်အမျိုးသားလုံခြုံရေးအကြံပေးဂျိတ်ခ်ဆူလဗန်နှင့်ပေကျင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့သည် ဥရောပရှိ မော်လ်တာ နိုင်ငံ၌တွေ့ဆုံခဲ့ကြောင်းသိရသည်။

စက်တင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိကျင်းပခဲ့သောအစည်းအဝေးများအတွင်း ၎င်းတို့နှစ်နိုင်ငံအနေဖြင့် ပွင့်လင်းခိုင်လုံပြီးအပြုသဘောဆောင်သည့်ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြောင်း အိမ်ဖြူတော်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သီးခြားထုတ်ပြန်ချက်များအရသိရသည်။

အာရှ – ပစိဖိတ်ရေးရာ၊ပင်လယ်ရေကြောင်းရေးရာအပါအဝင် နိုင်ငံခြားရေးမူဝါဒများအတွက် နှစ်နိုင်ငံဆွေးနွေးပွဲများကျင်းပရန်နှင့် နှစ်ဖက်စလုံးမှ အဆင့်မြင့်ဖလှယ်မှုများဆက်လက်ထားရှိရန်လည်း သဘောတူညီခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

နှစ်ဖက်စလုံးအနေဖြင့် ဤမဟာဗျူဟာမြောက်ဆက်သွယ်ရေးလမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် လာမည့်လများအတွင်း အရေးကြီးသောကဏ္ဍများတွင်အဆင့်မြင့်ထိတွေ့ဆက်ဆံမှုနှင့်ညှိနှိုင်းဆွေးနွေးမှုများကိုလုပ်ဆောင်ရန်ပါနှစ်ဖက်စလုံးက ကတိပြုထားကြောင်းလည်းအိမ်ဖြူတော်ကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here