သာသနာ့ဘောင်ထဲဝင်ရောက်ခဲ့တဲ့အဆိုတော်လေးဖြူ

0
1128

ယနေ့ စက်တင်ဘာ ၁၇ရက်နေ့နေ့လည်၂နာရီက
အဆိုတော်လေးဖြူဟာသူဆောက်လုပ်လှူဒါန်းထားတဲ့ သာသနာ့ဝိပုလကာရိနီသိမ်တော်မှာဒုလ္လဘ ရဟန်းအဖြစ်ခံယူခဲ့တာဖြစ်ပြီး ဘွဲ့အမည်မှာ ဦးဝိဝေကဖြစ်ပါတယ် ။

အဆိုတော်လေးဖြူသာသနာ့ဘောင်ထဲဝင်ရောက်ခဲ့တာနဲ့ပတ်သက်ပြီးဓမ္မဂုဏ်ရည်ဆရာတော်(ရွှေပြည်သာ)က  “သူဆောက်လုပ်လှူဒါန်းထားတဲ့ 30×40 ပေ သုံးထပ် “သာသနာ့ဝိပုလကာရိနီသိမ်တော်”မှာ ဒီနေ့ မွန်းလွဲ ၂ နာရီမှာ မြင့်မြတ်သော ပဗ္ဗဇ္ဇိတဘာဝဒုလ္လဘ ရဟန်းအဖြစ် ခံယူခွင့်ရရှိခဲ့ပါတယ်။ ဘွဲ့မည်သညာ ခေါ်စရာကား ဦးဝိဝေက။ လွန်ခဲ့တဲ့ ၁၃၇၂ ခုနှစ် သူရဲ့သိမ်ကျောင်းရေစက်ချမှာ ဝတ်ဖို့တိုက်တွန်းခဲ့သော်လည်း အခုချိန်ရောက်မှသာ သူ့စိတ်ဆန္ဒနဲ့သူ စိတ်ပါလက်ပါ သာသနာ့ဘောင်ဝင်ရောက်လာခဲ့ခြင်းပါ။  မိမိရဲ့ပစ္စည်းလေးပါးဒကာ တွေထဲက တစ်ဦးဖြစ်တဲ့ ဦးလေးဖြူ အခုလို ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ စိတ်ပါလက်ပါ သာသနာ့ဘောင်ဝင်ရောက်လာတာကို လွန်စွာပီတိဖြစ်ရပါတယ်။ သူ့ကိုချစ်တဲ့ ပရိသတ်တွေကလည်း ဘာသာရေးအ​ေလးထားတဲ့ ဦးလေးဖြူကြီး အခုလို သာသနာ့ဘောင်ဝင်ရောက်နေခြင်းကို ကြည်နူးဝမ်းသာ ပီတိဖြာနေကြမှာပါပဲ”လို့ မိန့်ကြားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here