မော်စကို၊စက်တင်ဘာ ၁၄
မြန်မာနိုင်ငံသည် ရုရှားနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းနေကြောင်း မြန်မာနိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေက ရုရှားနိုင်ငံ မော်စကိုတွင်ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလားရော့ဗ်အားပြောကြားခဲ့သည်။
“ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့ဟာ ဗလာဒီဗိုစတော့မှာကျင်းပခဲ့တဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာရခဲ့တဲ့ရလဒ်တွေအတွက် ဒီနေရာကိုလာရောက်ခြင်းဖြစ်ပါတယ်၊ဒီခရီးစဉ်အတွင်းမှာ နယ်ပယ်ပေါင်းစုံရှိနှစ်နိုင်ငံအကြား ကဏ္ဍအစုံပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရေးအတွက် ဘုံသဘောတူညီချက်ကိုရရှိနိုင်ဖို့မျှော်လင့်ပါတယ် ” ဟုလည်းဦးသန်းဆွေကပြောကြားခဲ့သည်။
မစ္စတာလားရော့ဗ်ကမူ မော်စကိုနှင့်နေပြည်တော်တို့သည် အမြင့်ဆုံးအဆင့်အပါအဝင် နိုင်ငံရေးဆွေးနွေးမှုများကို ပိုမိုတွန်းအားပေးလုပ်ဆောင်သွားမည်ဟု ၎င်းအနေဖြင့်ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။
“ကုန်သွယ်ရေး၊စီးပွားရေး၊ယဉ်ကျေးမှုနဲ့ ပညာရေးနယ်ပယ်တွေမှာပါ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကိုလုပ်ဆောင်နေပါတယ်” ဟုလည်းမစ္စတာလားရော့ဗ်ကဆက်လက်ပြောကြားခဲ့သည်။

