တညင်းကုန်းလက္ကားဈေး၌ သစ်သီးဝလံသီးသန့်ရောင်းချမည့် ဈေးရုံသစ်ကို အောက်တိုဘာ (၁) ရက်တွင် ဖွင့်လှစ်မည်

0
230

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ တညင်းကုန်း လက္ကားဈေးကြီးတွင် သစ်သီးဝလံ သီးသန့်ရောင်းချပေးမည့် ဈေးရုံသစ်ကြီးကို အောက်တိုဘာ (၁) ရက်တွင် စတ င်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တညင်းကုန်းဈေးအုပ်ချုပ်မှုရုံးမှ သိရသည်။

သစ်သီးဝလံများ စနစ်တကျ သိမ်းဆည်း သိုလှောင်သွားနိုင်မည့် အသီးသိုလှောင် အအေးခန်းလည်း ဖွင့်လှစ်ထားပြီး သစ်သီးရောင်းချမည့် ဆိုင်ခန်းများ၏ (၁)လ အငှား စရိတ်ကို (၁) သိန်း သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ ဈေးရုံအတွင်း အလျား (၅) ပေ၊ အနံ (၁၁) ပေနှင့် အလျား (၅) ပေ၊ အနံ (၁၃) ပေရှိသည့် ဆိုင်ခန်းပေါင်း (၁၀၆၉) ခန်း ပြုလုပ်ထားမည်ဖြစ်ကာ ရာသီပေါ် သစ်သီးမျိုးစုံကို လက်လီ၊ လက်က္ကားအမျိုးအစား (၄) မျိုးခွဲရောင်းချနိုင်ရန် စီစဉ်ပေးထားကြောင်းလည်း သိရသည်။

ဆိုင်ခန်းငှားရမ်းပြီး သစ်သီးရောင်းချလိုသူများအနေဖြင့် တညင်းကုန်းဈေးအုပ်ချုပ်ရေးရုံး၌ လျှောက်လွှာ အခမဲ့ ရယူကာ လျှောက်ထားရမည်ဖြစ်ပြီး လက်ရှိတွင် ဆိုင်ခန်းလျှောက်ထားသူ (၈၀) ရာခိုင်နှုန်းခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

တညင်းကုန်း အဆင့်မြင့် လက်က္ကားဈေးကြီးကို (၂၀၁၈) ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သစ်သီးတစ်မျိုးတည်းသာ သီးသန့်ရောင်းချပေးမည့် သစ်သီးဝလံ ဈေးရုံကို လာမည့် အောက်တိုဘာ (၁) ရက်မှသာ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here