ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊(၂၉)ရပ်ကွက်၊ပင်လုံလမ်း၊မန္တလေးလမ်းစျေးအနီးရှိ “ကာဗာမြန်မာ”အလှကုန်၊လူသုံးကုန်၊ဖုန်းနှင့်ကွန်ပျူတာဆက်စပ်ပစ္စည်းအရောင်းဆိုင်တွင် စက်တင်ဘာ ၉ ရက်ည ၁၁ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မီးလောင်ရတဲ့အကြောင်းရင်းကို မီးသတ်တပ်ဖွဲ့ကပဲ သေချာသိလိမ့်မယ် ကျွန်တော်တို့က မီးလောင်တဲ့အချိန်မှာ မီးဝိုင်းငြှိမ်းပေးတာ Medical Cover လုပ်တာတွေ လိုအပ်တာတွေကိုဝိုင်းကူပေးတာတွေလုပ်ပေးခဲ့ပါတယ် ထိခိုက်သူမရှိပါဘူး မီးလောင်ချိန် ၁၅ မိနစ်လောက်ကြာပါတယ် မီးလောင်တာက ဆိုင်အတွင်းထဲကလောင်တာဆိုတော့ တံခါးတွေကိုဖျက်ပြီးဝင်ငြှိမ်းခဲ့ရတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
မီးလောင်မှုအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မီးသတ်စခန်း၊ဆက်စပ်မြို့နယ်မီးသတ်စခန်းမိားမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၁၁ နာရီ ၄၄ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
