တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း CMP အထည်ချုပ်လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုအသစ် (၄၅) ခုကို ခွင့်ပြုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ နိုင်ငံသားနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုအသစ် (၄၅) ခုမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ခွင့်ပြုထားခြင်းဖြစ်သည်။
ယင်း ရင်းနှီးမြှုပ်နှံမှုများတွင် စက်မှုလုပ်ငန်းများ၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ၊ CMP အထည်ချုပ် လုပ်ငန်းများ၊ ဝန်ဆောင်မှုနှင့် ထုတ်လုပ်မှုလုပ်ငန်းများလည်း ပါဝင်သည်။
လုပ်ငန်းအများစုမှာ CMP အထည်ချုပ် လုပ်ငန်းများဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၈,၀၀၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ CMP အထည်ချုပ်လုပ်ငန်းများတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ပြီး ထိုင်း၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံမှလည်း လာရောက်ရင်းနှီးမြှုပ်နှံမှုရှိကြောင်း သိရသည်။
Photo-MWD