Canal+ တွင်ပြသသွားမည့် “ရမ္မက်တိမ်​တောင်” ရုပ်သံစီးရီး မိတ်ဆက်ပွဲပြုလုပ်

0
1266

Canal+ တွင်ပြသွားမည့် “ရမ္မက်တိမ်​တောင်”ရုပ်သံစီးရီး မိတ်ဆက်အခမ်းအနားကို စက်တင်ဘာလ (၅ရက်)နေ့ မနက်ပိုင်းက Canal+ Office မှာပြုလုပ်ခဲ့ပြီး သရုပ်​ဆောင် ရဲရင့်​သော်၊ သံသာမိုးသိမ့်၊ ဇွန်သံစဥ်၊ လီလီ​ကျော်ခိုင်နှင့်ဒါရိုက်တာသြရသ တို့တက်​ရောက်ခဲ့ပါတယ်။

Canal+ Myanmar တွင်သာ ကြည့်ရှု့အားပေးနိုင်မယ့်  “ရမ္မက်တိမ်​တောင်” TV စီးရီးတွဲအား ဒါရိုက်တာသြရသ မှရိုက်ကူးထားပြီး သရုပ်​ဆောင်အဖြစ် ရဲရင့်​သော် ၊ သံသာမိုးသိမ့်၊ ဇွန်သံစဥ်၊ လီလီ​ကျော်ခိုင်၊ အမ်မလီဘို တို့ပါဝင်ပြီး ဧည့်သည်သရုပ်​ဆောင် အဖြစ် ကျော်ရဲ​အောင် မှပါဝင်အားဖြည့်​ပေးထားတယ်လို့သိရပါတယ်။

အဆိုပါ “ရမ္မက်တိမ်​တောင်” TV စီးရီးအသစ်အား အောက်တိုဘာလ( ၂ရက်​) နေ့မှစ၍ Canal+Zat Lenn ရုပ်သံလိုင်းတွင် အပတ်စဉ် တနင်္လာနေ့မှ သောကြာ​နေ့တိုင်း ည၇နာရီ အချိန်တွင်ပြသ​ပေးသွားမှာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here