ဓာတ်ပုံက ပြန်ပြောင်းပြောပြတဲ့ ငယ်ဘဝ အမှတ်တရ

0
241

ဘယ်သူမဆို ငယ်ဘဝတုန်းက ပြန်ပြောင်းအောက်မေ့ဖွယ် အမှတ်တရလေးတွေ ကိုယ်စီရှိတတ်ကြပါတယ်။ အသက်အရွယ်တွေ ကြီးလာတဲ့အခါ ဆယ်စုနှစ် ၂ ခုမျှ ကြာညောင်းသွားခဲ့ချိန်မှာ အမှတ်မထင် ကလေးဘဝအရွယ်က ဓာတ်ပုံ လေးတစ်ပုံပဲဖြစ်ဖြစ်၊ ကျောင်းသားကျောင်းသူဘဝတုန်းက ဓာတ်ပုံလေးတစ်ပုံပဲဖြစ်ဖြစ် ပြန်တွေ့မြင်ကြည့်ခွင့်ရတိုင်း လူတိုင်းကိုယ်စီပင် ကြည်နူးပီတိစိတ် ရင်ထဲလွှမ်းခြုံလို့ အတိတ်ပုံရိပ်အပေါ် ရင်ခုန်သံ ပဲ့တင်ပြန်အလွမ်းဆင် သတိရစိတ်ဖြစ်တတ်ကြ ပါတယ်။ အဲဒီလိုတစ်ချိန်က အမှတ်ရဖွယ်လေးတွေ၊ အဖြစ်အပျက်လေးတွေဟာ ဓာတ်ပုံတစ်ပုံက လွမ်းဆွတ် ကြည်နူးစိတ်တွေ အပြင် လူတစ်ဦးရဲ့ စိတ်နှလုံးသားကို အတိတ်ရင်ခုန်သံတွေအပြည့်နဲ့ လှုပ်ကိုင်ဖမ်းစားထားစေတတ်တာမို့ မျိုးဆက်သစ် အမျိုးသမီး အနုပညာရှင်တို့ရဲ့ ဓာတ်ပုံက ပြန်ပြောင်းပြောပြတဲ့ ငယ်ဘဝအမှတ်တရ ပုံရိပ်တွေအကြောင်း ပြန်ပြောင်း အောက်မေ့ သတိရလွမ်းဆွတ် ကြည်နူးစကားသံတွေ စုစည်းဖော်ပြလိုက်ရပါတယ်။

poe-ei-ei-khant

ပိုးအိအိခန့်

ငယ်ငယ်တုန်းက ရိုက်ကူးထားတဲ့ ဓာတ်ပုံက အမှတ်တရပါပဲ။ ကလေးတုန်းက တအားလှချင်တော့ အသိအန်တီရဲ့ ပိုက်ဆံအိတ်ကိုကိုင်ပြီး ပဲပေးရိုက်ထားတဲ့ ဓာတ် ပုံလေးက အခုအချိန်ထိ အမှတ်တရပါပဲ။ အဲဒီပုံလေးကို အခုအချိန်ထိလည်း သိမ်းထားတယ်။ အခုအချိန်မှာ ပြန်ကြည့်ရင်လည်း အမှတ်တရဖြစ်နေတုန်းပဲ။ ငယ်ငယ်တုန်းက ရိုက်ကူးထားတဲ့ ဓာတ်ပုံ တွေကို သိမ်းထားဖြစ်တယ်။ ဒါက အမှတ်တရတစ်ခုပဲလို့ ပြောရင်ရတယ်။

may-nandar-kyaw

အလှမယ် မေနန္ဒာကျော်

ညီမငယ်ငယ်တုန်းက အမေက ရေကူးဝတ်စုံလိုမျိုး ဘောင်းဘီတို၊ အင်္ကျီတိုကိုဝတ်ပေးတယ်။ အဲဒီတုန်းက ညီမအသက်က ၂ နှစ်၊ ၃ နှစ်လောက်ဖြစ်မယ်။ အဲဒီတုန်းက အဲဒီဝတ်စုံလေးနဲ့ကို နှင်းဆီပန်းကိုင် ပြီး ပို့စ်ပေးထားတဲ့ပုံလေးက အမှတ်တရဖြစ်စေပါတယ်။ ကိုယ်က ကလေးသာသာလေးဖြစ်ပြီး ပို့စ်ပေးတတ်တဲ့ပုံလေးဆိုတော့ အမှတ် တရ ဖြစ်ရတယ်။ ပြီးတော့ ညီမခုံပေါ်မှာဆော့နေတုန်း အစ်ကိုက ဓာတ်ပုံလာရိုက်လို့ဆိုပြီး မျက်နှာစူပုပ်ပြီး အစ်ကို့ဆွဲကြိုးကို စောင့်ဆွဲနေတဲ့ ပုံလေးကလည်း အမှတ်တရဖြစ်စေပါတယ်။ ဒါက ငယ်ငယ်ကရိုက်ကူးခဲ့တဲ့ အမှတ်တရဖြစ်စေတဲ့ ပုံလေး တွေပေါ့။ ကြီးလာတော့ ညီမ Miss ပြိုင်ပွဲသွားပြိုင်တာ မလေးရှားနိုင်ငံမှာ အဲဒီမှာ အင်တာဗျူးဖြေနေတဲ့ ပုံလေးက အမှတ်တရဖြစ်စေတယ်။ ညီမက အင်္ကျီပန်းရောင်လေးနဲ့ အင်တာဗျူးဖြေနေတာကို Snap Shot ရိုက်ကူးတဲ့ပုံလေးက ကြည့်ရတာ ဘယ်လိုရုပ်လေးမှန်းလဲမသိဘူး။ ဘာပဲ ပြောပြော ဒီလိုပုံလေးတွေကို ပြန်ကြည့်ရင် ပြိုင်ပွဲတုန်းကအဖြစ်အပျက်လေးတွေကို ပြန်မြင်ယောင်မိပြီး အမှတ်တရဖြစ်စေ တာလေးတွေကိုပဲ ပြန်သတိရမိစေတယ်။

chu-2

အလှမယ် ခြူးစစ်ဟန်

ငယ်ငယ်တုန်းက အမှတ်တရဖြစ်စေတဲ့ ဓာတ်ပုံဆိုရင် ညီမ ငယ်ငယ်တုန်းက ဓာတ်ပုံကသိပ်မရှိဘူး။ မိဘတွေကလည်း သိပ်မရိုက်ကူးဖြစ်ကြတော့လေ။ ညီမလေးဖက်ထောက်တုန်းကပုံလေးကို ညီမ ငါးတန်းလောက်က တစ်ခါပဲ မြင်ဖူးလိုက်တယ်။ ဓာတ်ပုံကို သေချာလည်းမကူးထားတော့ အဲဒီ ပုံလေးကို အခုအချိန်ထိလည်း သတိရနေမိတယ်။ အမေတို့ကိုလည်း တစ်ခါတလေကျ ပြောတယ်။ အမေတို့က သမီးငယ်ငယ်တုန်းကပုံလေးတွေကို နည်းနည်းပါးပါးတောင် ဓာတ်ပုံရိုက်မထားဘူး ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ငယ်ငယ်ကပုံကို တအား မြင်ချင်တာ။ ဥပမာ- ဖွေးဖွေး တို့ဆိုရင် သူတို့ ငယ်ငယ်က ပုံတွေကိုယှဉ်ပြီး ဖေ့စ်ဘုတ်မှာ တင်နေတာလေ။ ညီမ လည်း အဲဒီလိုတင်ချင်တော့ ပုံကမရှိဘူးဖြစ်နေတာ။ အဲဒီပုံလေးကို တအားသတိရတယ်။ အမှတ်တရ ဖြစ်စေတဲ့ပုံဆိုရင်တော့ ညီမ Miss ပြိုင်တဲ့အချိန်က စင်ပေါ်မှာ Face of Beauty Title ဆုကို ရတဲ့ အချိန်မှာ ဆရာဝေယံအောင်က MIss Golden Land Face of Beauty ဆုက ခါးနံပါတ် ၂၉ လို့ အော်နေတဲ့အချိန်မှာ ညီမ ကိုယ့်ကိုယ်ကိုယ် Surprise ဖြစ်သွားတဲ့ပုံကို ပရိသတ်တစ်ယောက်က ရိုက်ကူးပေး ထားတာ။ အဲဒီပုံလေးကို အခု ကြည့်ရင် ညီမရင်ထဲမှာ ပီတိဖြစ်ရသလို တအားလည်း ငိုချင်စိတ်ဖြစ်မိတယ်။ အဲဒီပုံလေးကတော့ ညီမဘဝအတွက် တအားအမှတ် တရဖြစ်စေပါတယ်။ ညီမက ဓာတ်ပုံလေးတွေ စုဆောင်းရတာ ဝါသနာပါတယ်။ ညီမကြိုက်တဲ့ပုံ၊ Crazy ဖြစ်တဲ့ပုံလေးတွေကို သိမ်းသိမ်းထား တယ်။ ဖေ့စ်ဘုတ်မှာ တင်ပြီးရင်တောင် ဖုန်းထဲမှာသိမ်းထားတယ်။

nan-khin-zayar

နန်းခင်ဇေယျာ

ငယ်ငယ်တုန်းက ကျောင်း နှစ်ပတ်လည်နေ့မှာ ကစားပြိုင်ပွဲလုပ်တယ်။ အဲဒီပြိုင်ပွဲမှာ မုန့်စားရမှာ။ လက်တွေကိုလည်း ကြိုးနဲ့ချည် ထားတယ်။ ပြေးပြီး မုန့်ကိုအမြန်ဆုံးစား နိုင်တဲ့သူက ပထမရတယ်။ အဲဒီ ဓာတ်ပုံလေး က နန်းခင်ရဲ့ အမှတ်တရဓာတ်ပုံလေးပါ။ အခုအချိန်မှာ အဲဒီလိုမျိုး မရနိုင်တော့ဘူး။ အဲဒီတုန်းက အရပ်ကပုတယ်။ မုန့်ကို ကြိုး နဲ့ဆွဲထားတာကို ခုန်ပြီးတော့ စားရတာ။ ကိုယ်က မုန့်ကိုလည်း စားချင်တယ်၊ ပထမဆုလည်း ရချင်တာဆိုတော့ အဲဒီဓာတ်ပုံလေးက အမှတ်တရပါပဲ။ ကိုယ်တအားကြိုက်တဲ့ ပုံလေးတွေဆိုရင် အခုအချိန်ထိ သိမ်းထားတယ်။

nge-mon-yati

ငွေမှုန်ရတီ

ငယ်ငယ်တုန်းကအကြောင်းတွေတော့ သိပ်မမှတ်မိဘူး။ ငယ်ငယ်တုန်းကရိုက်ကူး ထားတဲ့ ညီအစ်မနှစ်ယောက် ဓာတ်ပုံတောင်မှ အမေပြန်ရှာလို့တွေ့တာ။ အဲဒီပုံ ဘယ်လိုရိုက်ကူးခဲ့လဲဆိုတာတော့ မမှတ်မိဘူး။ ဒါပေမဲ့ ခရီးတွေသွားပြီး ဓာတ်ပုံရိုက်တာ အမှတ်တရကတော့ အများကြီးရှိတယ်။ europe သွားတုန်းကဆိုရင် ကားပေါ်မှာ အိပ်နေတာကို ဆေးထိုးပြီး ဓာတ်ပုံအရိုက်ခံရတာက အမှတ်တရပဲ။ ခရီးသွားရင် ပိုပြီးအမှတ်တရများတယ်။ အဲဒီဓာတ်ပုံတွေ အခုပြန်ကြည့်ရင် သဘောကျမိတယ်။ ညီမက ဓာတ်ပုံကို ဖုန်းထဲမှာသိမ်းဖြစ်တယ်။ ကိုယ့်ပုံတွေအပြင် International ကပုံတွေလည်း Album လိုက် သိမ်းဖြစ်တယ်။

ပေါ်ပြူလာ


LEAVE A REPLY

Please enter your comment!
Please enter your name here