Miss World 2016 ပြိုင်ပွဲရဲ့ လေလံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ရုပ်တုကို လေလံတင်မယ့် အလှမယ် Bella

0
112

bella

ဒီဇင်ဘာလ ၁၈ ရက်နေ့ အမေ ရိကန်နိုင်ငံWashington DC မြို့ မှာ ကျင်းပပြုလုပ်မယ့်Miss World 2016 ပြိုင်ပွဲကို Miss Myanmar World 2016 အဖြစ် မြတ်သီရိလွင် (ခ)Bella က မြန်မာနိုင်ငံ ကိုယ် စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင် တော့မှာဖြစ်ပါတယ်။ Miss World 2016 ပြိုင်ပွဲကြီးအတွက်Bella  ကTrainer Mr. Brian  နဲ့ အတူ Cat Walk Training နဲ့ Personal Training  များ၊ ကိုယ်တိုင် မိတ် ကပ်လိမ်းခြယ်နိုင်ဖို့အတွက် သင် တန်းများ၊ Personal & Know-ledge Training  များ၊English Training များကိုလည်း ဘန်ေ ကာက်  မှာ သွားရောက်သင်ယူခဲ့ကြောင်း သိရပါတယ်။ Miss World 2016  ပြိုင်ပွဲအတွက် တအား ရင်ခုန်နေတဲ့ Bellaက ပြိုင်ပွဲမှာ Beauty With a purpose ဆုအတွက် ပရဟိ တနဲ့ဆိုင်တဲ့ Project တစ်ခုအတွက် လည်း ပြင်ဆင်ထားပုံ နဲ့ပတ်သက် ပြီး..

“ညီမ အဓိကက မြစ်ကြီးနားမှာ ရှိတဲ့ စစ်ဘေးရှောင်ပြည် သူတွေကို အဓိက Target  ထားပြီး ပြင်ဆင် ထား တယ်။ ညီမကိုယ်တိုင် လည်း သွားရောက် အားပေးခဲ့တယ်။ ကိုယ်တိုင် အနီးကပ်မြင် ခဲ့ရတော့ စိတ် မကောင်း လည်း ဖြစ်မိတယ်။ တကယ်လို့ ပြိုင်ပွဲမှာ ဒီ Project  လေးသာ ရသွားရင်တော့ ညီမတို့ မြန်မာနိုင်ငံအတွက် ဂုဏ် ယူစရာပါ” လို့ ပြောပါတယ်။ Miss World 2016 ပြိုင်ပွဲရဲ့ လေလံပွဲ မှာ ရောင်း ဖို့အတွက် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပုံတူပန်းပုရုပ်တုကို ယူ ဆောင်သွားမှာဖြစ်ကြောင်း အလှ မယ် Bella က ပြောပါတယ်။

“အဓိက လေလံဆွဲတယ်ဆိုတာ က ကိုယ့်နိုင်ငံက အထင်ကရပစ္စည်း၊ တအားအဖိုးတန်တဲ့ ပစ္စည်းတွေ၊ တချို့ကျတော့ နိုဘယ် ဆုရှင်တွေရဲ့ လက်မှတ်တွေ ယူလာကြတယ်။ ညီမ တို့နိုင်ငံမှာဆိုလည်း အမေစုက ကမ္ဘာက စိတ်ဝင်စားခြင်းခံရတဲ့ နိုဘယ်ဆုရှင် တစ်ယောက်လည်း ဖြစ် တယ်။ ညီမယူသွားတဲ့ အမေစုရုပ်တု က ညီမတို့နိုင်ငံရဲ့ အထင်ကရလို့ လည်း ပြောလို့ရတယ်” လို့ ပြောပါ တယ်။

ပြိုင်ပွဲရဲ့Talent ပိုင်းမှာတော့ မြန်မာသီချင်း သီဆိုပြီး ကရင် အက လည်း ကပြဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ အလှမယ် Bella က ပြိုင်ပွဲမှာ National Costume ကို ဒီဇိုင်နာမမဉ္ဇူ Final Round  အတွက်Evening Gown  ကိုတော့ဒီဇိုင်နာ မလတ်၊ မြန်မာဝတ်စုံကို ဒီဇိုင်နာ မသုံသုံ၊ ပိုးထည်ကိုတော့ ရွှေကံ့ကော် ပိုးထည်က ဝတ်စုံများဝတ်ဆင်သွား မှာဖြစ်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ မှာ ပြိုင်ပွဲ ဝင်ဖို့ အတွက် မြန်မာနိုင်ငံမှ စတင် ထွက်ခွာသွားမှာ ဖြစ် ကြောင်းလည်း သိရပါ တယ်။   တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here