Thursday, August 14, 2025

“ရွေးကောက်ပွဲသည် ပြည်သူအတွက်” ဆိုသည့် ခေါင်းစဉ်ဖြင့်...

ယနေ့ ဩဂုတ်လ ၁၄ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (USDP) မှ ဦးဆောင်ကာ သတင်းစာရှင်းလင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။ အခမ်းအနားတွင် "ရွေးကောက်ပွဲသည် ပြည်သူအတွက်"...

၀န်ကြီးဟောင်း၏သားအသတ်ခံရမှုကိုပွင့်လင်းမြင်သာစွာစုံစမ်းဖော်ထုတ်– အန်ဝါ

ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းအချိန်ကကုန်တိုက်ကားပါကင်တွင် သားဖြစ်သူသည်ဆေးထိုး၍ အသတ်ခံခဲ့ရကြောင်း အစိုးရဝန်ကြီးဟောင်းတစ်ဦးဖြစ်သည့် ရာဖီဇီ ရမ်လီက ပြောကြားခဲ့သဖြင့် အဆိုပါဖြစ်ရပ်ကို ပွင့်လင်းမြင်သာစွာနှင့်လျင်မြန်စွာစစ်ဆေးဖော်ထုတ်ရန် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်မ်က...

အင်းလေးကန် ရေမြင့်တက်လာသည့် အခြေအနေ စောင့်ကြည့်နေရဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း၌ ယခုရက်ပိုင်းအတွင်း မိုးရက်ဆက်ရွာသွန်းနေခြင်းကြောင့် အင်းလေးကန်ရေ အနည်းငယ်မြင့်တက်နေပြီး ထပ်မံမြင့်တက်လာနိုင်မည့်အခြေအနေကို စောင့်ကြည့်နေကြောင်း ရှမ်းတောင်ပရဟိတအသင်း တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးများ‌နေသည့်အတွက် အင်းလေးကန်အတွင်းသို့...

မြဝတီမြို့တွင် စက်သုံးဆီ ပြတ်လပ်‌လာကာ စက်သုံးဆီဆိုင်အချို့...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် အခုရက်ပိုင်းအတွင်း စက်သုံးဆီပြတ်လပ်လာခြင်းကြောင့် စက်သုံးဆီဆိုင်အချို့ပိတ်ထားရပြီး ဆီလက်ကျန်ရှိသည့် ဆိုင်များတွင်သာ တန်းစီဝယ်ယူနေရကြောင်း ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ မြို့တွင်းဆိုင်အချို့မှာ ယမန်နေ့ ညနေပိုင်းအချိန်ခန့်မှစတင်၍ ပိတ်ထားရခြင်းဖြစ်ပြီး...
HomeNewsLocal Newsချမ်းမြသာစည်မြို့နယ်၌ ဆိုင်ကယ်ပွဲစားတန်း ဥက္ကဋ္ဌ...

ချမ်းမြသာစည်မြို့နယ်၌ ဆိုင်ကယ်ပွဲစားတန်း ဥက္ကဋ္ဌ ဆိုင်ကယ်မောင်းလာစဥ် ပစ်ခတ်ခံရ၍ သေဆုံး စျေးသည်တစ်ဦးပါကျည်ထိမှန်ခဲ့

မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ်၊ကန်သာယာရပ်ကွက်တွင် စက်တင်ဘာ ၂ ရက်(ယနေ့) နံနက်ပိုင်းက ဆိုင်ကယ်မောင်းလာသည့် ဆိုင်ကယ်ပွဲစားတန်း ဥက္ကဋ္ဌဦးမော်ကြီး(၆၂)နှစ်သည် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ဆိုင်ကယ်မောင်းလာသည့် အမည်မသိအမျိုးသား ၂ ဦးမှ ၅၉ လမ်းအတိုင်းဆိုင်ကယ်မောင်းနှင်လာသည့် ဦးမော်ကြီးအား ၅၉ လမ်းနှင့် ၁၁၁ A လမ်းထောင့်အရောက် သေနတ်ဖြင့်ပစ်ခတ်၍ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ဦးမော်ကြီးက ဆိုင်ကယ်ပွဲစားတန်း ဥက္ကဋ္ဌတစ်ယောက်ပါ လဖက်ရည်သောက်ပြီးပြန်လာတဲ့အချိန်မှာပစ်ခတ်ခံရတာပါ ပတ်ဝန်းကျင်ကလူတွေပြောစကားအရနဲ့တွေ့ရှိရတဲ့ ကျည်ခွံတွေအရဆိုရင် အချက်ရေအတော်များများပစ်ခတ်ခံခဲ့ရတယ် ဖြစ်စဥ်အနားမှာ ဝက်သားရောင်းနေတဲ့ အမျိုးသမီးတစ်ယောက်လည်း ကျည်ထိမှန်ဒဏ်ရာရခဲ့ပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးမော်ကြီးမှ ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌သေဆုံးသွားသဖြင့် ရုပ်အလောင်းအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးကိုလည်း ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကာ လုံခြုံရေးအဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“ရွေးကောက်ပွဲသည် ပြည်သူအတွက်” ဆိုသည့် ခေါင်းစဉ်ဖြင့် USDP မှ ဦးဆောင်ကာ သတင်းစာရှင်းလင်းပွဲပြုလုပ်

ယနေ့ ဩဂုတ်လ ၁၄ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (USDP) မှ ဦးဆောင်ကာ သတင်းစာရှင်းလင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။ အခမ်းအနားတွင် "ရွေးကောက်ပွဲသည် ပြည်သူအတွက်" ဆိုသည့် ခေါင်းစဉ်ဖြင့် USDP ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးကော်မတီ ဒေါ်စိုးစိုးမြင့်၊ ရခိုင့်ဦးဆောင်ပါတီဥက္ကဌ ဒေါက်တာအေးမောင်နှင့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ဥက္ကဌ ဦးသိန်းကြည်တို့မှ ငြိမ်းချမ်းရေးဖြစ်စဉ်၏ ကဏ္ဍတစ်ခုဖြစ်သော ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးသုံးသပ်ချက်များကို တစ်ဦးချင်းစီ သုံးသပ်ကာ တက်ရောက်လာသော လူပုဂ္ဂိုလ်များမှ လွတ်လပ်စွာမေးမြန်းလာမှုများအ‌ပေါ် ရှင်းလင်းပြတ်သားစွာ ပြန်လည်ဖြေကြားခဲ့သည်။

၀န်ကြီးဟောင်း၏သားအသတ်ခံရမှုကိုပွင့်လင်းမြင်သာစွာစုံစမ်းဖော်ထုတ်– အန်ဝါ

ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းအချိန်ကကုန်တိုက်ကားပါကင်တွင် သားဖြစ်သူသည်ဆေးထိုး၍ အသတ်ခံခဲ့ရကြောင်း အစိုးရဝန်ကြီးဟောင်းတစ်ဦးဖြစ်သည့် ရာဖီဇီ ရမ်လီက ပြောကြားခဲ့သဖြင့် အဆိုပါဖြစ်ရပ်ကို ပွင့်လင်းမြင်သာစွာနှင့်လျင်မြန်စွာစစ်ဆေးဖော်ထုတ်ရန် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်မ်က တောင်းဆိုလိုက်သည်။ ဇနီးဖြစ်သူနှင့် သားတို့သည် အုပ်ချုပ်ရေးမြို့တော် ပူထရာဂျာယာရှိ ကုန်တိုက်တစ်ခုမှ ပြန်လည်ထွက်ခွာရန် ကားအတွင်းသိုအဝင်တွင် အမျိုးသားတစ်ဦးက သားဖြစ်သူကို ဆွဲခေါ်သွားကာ ဆေးထိုးအပ်ဖြင့်ထိုးခဲ့သည်ဟု ရာဖီဇီက ပြောဆိုခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် ကြိုတင်ကြံစည်ထားခြင်းဖြစ်ကြောင်းနှင့် သူ့ကို ပါးစပ်ပိတ်ထားစေရန် သတိပေးသည့် သဘောဖြစ်ကြောင်း ရာဖီဇီက ဆိုသည်။ ရာဖီဇီ၏ အဆိုအရ ယင်းဖြစ်ရပ်အပြီးတွင် ၎င်း၏ ဇနီးဖြစ်သူသည် ခြိမ်းခြောက်စာနှစ်စောင်ကို လက်ခံရရှိခဲ့သည်ဟုလည်း...

အင်းလေးကန် ရေမြင့်တက်လာသည့် အခြေအနေ စောင့်ကြည့်နေရဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း၌ ယခုရက်ပိုင်းအတွင်း မိုးရက်ဆက်ရွာသွန်းနေခြင်းကြောင့် အင်းလေးကန်ရေ အနည်းငယ်မြင့်တက်နေပြီး ထပ်မံမြင့်တက်လာနိုင်မည့်အခြေအနေကို စောင့်ကြည့်နေကြောင်း ရှမ်းတောင်ပရဟိတအသင်း တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးများ‌နေသည့်အတွက် အင်းလေးကန်အတွင်းသို့ ရေဝင်ရောက်မှုများက ကန်ရေပြင် အနည်းငယ်မြင့်တက်လာသော်လည်း လက်ရှိတွင်စိုးရိမ်ရသည့်အခြေအနေတွင်မရှိသေးကြောင်း ၎င်းက ဆိုသည်။ "ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ရေကတော့ နည်းနည်းမြင့်တက်လာတယ်။ စိုးရိမ်စရာတော့ မရှိသေးပါဘူး" ဟု ၎င်းက ဆိုသည်။ Global Flood Awareness System နှင့် Global Flood Minitoring System က အင်းလေး‌ဒေသ ၊ ရွှေညောင်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071