Friday, May 1, 2026

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...
HomeNewsFootballဂျပန်တွင် ကျင်းပမည့် U12...

ဂျပန်တွင် ကျင်းပမည့် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ ယှဥ်ပြိုင်ရန် မြန်မာ ယူ-၁၂ အသင်း ထွက်ခွာ

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် ၁၁ ကြိမ်မြောက် U 12 Junior Soccer World Challenge 2023 ပြိုင်ပွဲယှဥ်ပြိုင်ရန် ယနေ့ ဩဂုတ်လ ၂၂ ရက်ညနေပိုင်းက ဂျပန်နိုင်ငံ၊ ချီဘားမြို့သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် သြဂုတ် ၂၄ မှ ၂၇ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး AYA Bank မှ ပံ့ပိုးကူညီမှုဖြင့် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ ၀င်ရောက်ယှဥ်ပြိုင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် အုပ်စုအဖွင့် ပွဲစဥ်အဖြစ် ဩဂုတ်လ ၂၄ ရက် (‌‌ဒေသ စံတော်ချိန် နံနက် ၁၀ နာရီ ၁၅ မိနစ်၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် ဘာစီလိုနာအသင်း၊ အုပ်စုဒုတိယပွဲစဥ် အဖြစ် ယင်းနေ့ (ဒေသစံတော်ချိန် နံနက် ၁၂ နာရီ ၃၀ မိနစ်၊ မြန်မာ စံတော်ချိန် ညနေ ၃ နာရီတွင် Daiwa House Dream အသင်း၊ အုပ်စု နောက်ဆုံးပွဲစဥ်အဖြစ် ဩဂုတ်လ ၂၅ ရက်(‌‌ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၅ မိနစ် ၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် JEF United Chiba U-12 အသင်းများနှင့် ယှဥ်ပြိုင် ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းတွင် အုပ်ချုပ်/နည်းပြ (၇)ဦး၊ ကစားသမား (၁၈) ဦး စုစုပေါင်း (၂၅) ဦး လိုက်ပါသွားပြီး အုပ်ချုပ်/ နည်းပြ စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ဦးမင်းလှိုင် (အသင်း အုပ်ချုပ်သူ)
၂။ ဦးမိုးသွင်ထွန်း (အသင်း အတွင်းရေးမှူး)
၃။ ဦးအောင်ကျော်ဇံ (အသင်း နည်းပြချုပ်)
၄။ ဦးကျော်ဇော (လက်ထောက် နည်းပြ)
၅။ ဦးကျော်မင်းမင်းနိုင် (လက်ထောက် နည်းပြ)
၆။ ဒေါက်တာ ဖြိုးသက်လှိုင်၀င်း (အသင်း ဆရာ၀န်)
၇။ ဦးဇော်မျိုးနိုင် (အသင်း ပြန်ကြားရေး)

မြန်မာ ယူ ၁၂ အသင်း ကစားသမား စာရင်း
…………………………………………………………

(ဂိုး)
၁။ လရောင်လင်း (ရန်ကုန် အကယ်ဒမီ)
၂။ ဘုန်းထွန်းခန့် (ရန်ကုန်)

(နောက်တန်း)
၃။ မင်းဘုန်းသစ် (ပုသိမ် အကယ်ဒမီ)
၄။ မြင့်မြတ်သူ (ပုသိမ် အကယ်ဒမီ)
၅။ ရှင်းပြည့်ကျော် (မကွေး)
၆။ စိုင်းခမ်စိုး (မန္တလေး အကယ်ဒမီ)
၇။ ‌‌‌‌ဝေယံဦး (နေပြည်တော်)
၈။ နေဇင်မင်း (ရန်ကုန် အကယ်ဒမီ)
၉။ ပရင့်ဒိုဒိုလျန်တောင်း (မြောက်ဒဂုံ)

(အလယ်တန်း)
၁၀။ ခွန်မောင်ဘွေ (မြောက်ဥက္ကလာပ)
၁၁။ ဇင်မင်းမြတ်သူ (ပြင်ဦးလွင်)
၁၂။ အောင်လ (မန္တလေး အကယ်ဒမီ)
၁၃။ နေယံထွဋ် (စစ်ကိုင်း)
၁၄။ ရှိုင်း၀င်းထွဋ် (ရန်ကုန် အကယ်ဒမီ)

(ရှေ့တန်း)
၁၅။ တေဇာဖြိုး (ရန်ကုန် အကယ်ဒမီ)
၁၆။ ခွန်‌ဝေဖြိုး (မန္တလေး အကယ်ဒမီ)
၁၇။ အံ့မင်းမြတ် (ရန်ကုန် အကယ်ဒမီ)
၁၈။ ခိုင်မြဲခန့် (ပုသိမ် အကယ်ဒမီ)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် အင်းတော်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်သိမ်းပိုက်PDF အဖွဲ့ဝင်များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများက စစ်ကြောင်းခွဲ၍ ထိုးဖောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယနေ့တွင် အင်းတော်မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ကန်းနီ၊ နားရခေါင်၊ ကြာအင်း၊ ကျွန်းတောနှင့် ကူဆိပ်ကျေးရွာတို့ကို အဆင့်ဆင့် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ပတ်တာအတွင်း တိုက်ပွဲကြီး/ငယ် (၁၇) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လက်ရှိတွင် အင်းတော်မြို့အတွင်း၌ တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များ၊ လမ်းတံတားများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများတက်ရောက်၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ယနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှဘုရားလာသူများ၊ ညောင်ရေသွန်းလောင်းပူဇော်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများနှင့် စည်ကားများပြားလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071