ယခု ဘဏ္ဍာနှစ် (၄) လတာကာလအတွင်း ပြည်ပသို့ မြန်မာ့သတ္တုတွင်းထွက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၉၅၇ သန်းရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်သွယ်မှုအချက်အလက်များအရ သိရသည်။
အဆိုပါ တင်ပို့မှုသည် ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီလ (၁) ရက်မှ ဩဂုတ်လ (၄) ရက်အထိ တင်ပို့မှုမှ ရရှိထားသော ဝင်ငွေဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ကာလတူတွင် ပြည်ပသို့ သတ္တုတွင်းထွက် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃၈ ဒသမ ၁၂၄ သန်းရရှိခဲ့ပြီး နှိုင်းယှဉ်ပါက ၁၆ သန်းကျော်လျော့နည်းနေသေးကြောင်းလည်း သိရသည်။
ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် နိုင်ငံပိုင်တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာသန်း ၂၁ ကျော်နှင့် ပုဂ္ဂလိကပိုင် တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာ ၁၀၀ ဒသမ ၅၃၂ သန်း ရရှိခဲ့ခြင်း ဖြစ်သည်။
ပြည်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည့် မြန်မာ့သတ္ထုတွင်းထွက် ပစ္စည်းများမှာ ကျောက်စိမ်း၊ ရွှေ၊ ပုလဲ၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကြေးနီ၊ ငွေ၊ ကျောက်မီး သွေး၊ သွပ်နှင့် အခြားတွင်းထွက်သတ္ထုများ ပါဝင်ကြောင်းလည်း သိရသည်။
