Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsထိုင်းပို့ကုန်များကုန်သွယ်ရေးစခန်း ပြောင်းလဲတင်ပို့ရန် SOPs...

ထိုင်းပို့ကုန်များကုန်သွယ်ရေးစခန်း ပြောင်းလဲတင်ပို့ရန် SOPs များရေးဆွဲပြီးဖြစ်

မြဝတီနယ်စပ်မှ တင်ပို့၊ တင်သွင်းရန် လိုင်စင်ခွင့်ပြုထုတ်ပေးပြီးသော ကုန်ပစ္စည်းများ အားလုံးကို မြန်မာ-ထိုင်း နယ်စပ်ရှိ အခြားကုန်သွယ်ရေးစခန်းများမှ ပြောင်းလဲဆောင်ရွက်ရန် ခွင့်ပြုထားပြီးဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုများ စနစ်တကျရှိစေရန် သက်ဆိုင်ရာဌာနအနေဖြင့် လုပ်ငန်းစဉ်များ (SOPs) ရေးဆွဲပြီးဖြစ်ကာ အဆိုပါလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မြဝတီနယ်စပ်ဂိတ်မှ ဆောင်ရွက်ရန် လိုင်စင်ထုတ်ပေးပြီးဖြစ်သည့် ပို့ကုန် သွင်းကုန် လုပ်ငန်းများအတွက် ထိုင်း – မြန်မာ နယ်စပ်ရှိ အခြားကုန်သွယ်ရေးစခန်းများအပါအဝင် ပယ်လယ်ရေကြောင်းမှတဆင့် ပြောင်းလဲခွင့်ပြုထားပြီး ယင်းတွင် CMP လုပ်ငန်းများလည်း အကျုံးဝင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြန်မာ-ထိုင်း ကုန်သွယ်မှုလမ်းကြောင်းရှိ မြဝတီလမ်းပိုင်းအချို့ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ယင်းလမ်းပိုင်း ပြင်ဆင်ဆောင်ရွက်လျက်နေစဉ်အတွင်း ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရန်အတွက် မြဝတီ နယ်စပ်မှ တင်ပို့တင်သွင်းရန် (ဩဂုတ်လ ၉ ရက်နေ့အထိ) လိုင်စင်ရရှိထားသည့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များသည် လိုင်စင်ရ ကုန်ပစ္စည်းများအား မြန်မာ -ထိုင်း နယ်စပ်ရှိ မည်သည့်ကုန်သွယ်ရေးစခန်းမှမဆို ပြောင်းလဲတင်ပို့၊ တင်သွင်းခွင့်ပြုသွားမည်ဖြစ်ပြီး၊ ပင်လယ်ရေကြောင်းမှ ပြောင်းလဲ တင်ပို့၊ တင်သွင်းလိုပါကလည်း ကိစ္စရပ်တစ်ခုချင်းအလိုက် စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ဩဂုတ်လ (၉) ရက် တွင် အသိပေးကြေညာထားပြီးဖြစ်သည်။

” ကုန်းလမ်းကြောင်းကနေမဟုတ်ဘဲ ပင်လယ်ရေကြောင်းကနေတဆင့်တင်ပို့ဖို့အတွက် နေပြည်တော်ကို စာတင်ထားတယ်။ ပြန်ကျမလာသေးဘူး။ လိုင်စင်အဟောင်းကိုအပ်ပြီး လိုင်စင်အသစ်ပြန်လျှောက်ရမှာ။ ပို့ကုန်လိုင်စင်အတွက်ကတင်ထားတုန်း”ဟု ပြောင်းလုပ်ငန်းရှင်တစ်ဦးဖြစ်သူ မဇင်မီက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

မြဝတီနယ်စပ်မှ တင်ပို့၊တင်သွင်းရန် လိုင်စင်ခွင့်ပြုထုတ်ပေးပြီးသော ကုန်ပစ္စည်းများအား ပင်လယ်ရေကြောင်းနှင့် မြန်မာ – ထိုင်း နယ်စပ်ရှိ အခြားကုန်သွယ်ရေး စခန်းတို့မှ ပြောင်းလဲခွင့်ပြုသွားမည်ဟု အသိပေးထုတ်ပြန်ထာပြီး မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန်လုပ်ငန်းစဉ်များ လက်ရှိအချိန်ထိ ​နှေး​ကွေးနေဆဲဖြစ်ကြောင်း သိရသည်။

photo – Sett Paing Aung

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071