Wednesday, December 17, 2025

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့...

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း...

နေပြည်တော်တွင် မီးသတ်တပ်ဖွဲ့၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြသ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မီးသတ်ဦးစီးဌာန၊ ဗဟိုမီးသတ်စခန်းတွင် ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက မီး သတ်ဦးစီးဌာနတွင်ဖွဲ့စည်းထားသော ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှု ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ပြသခဲ့ကြကြောင်း...

မန္တလေးတက္ကသိုလ် ရာပြည့် အထိမ်းအမှတ် အထူးထုတ်...

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၁)...

မန္တလေးတွင် နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရန် စီစဉ်နေပြီး...

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ည နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မန္တလေးတိုင်းအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင်...
HomeNewsLocal Newsမြဝတီ - ကော့ကရိတ်သွား...

မြဝတီ – ကော့ကရိတ်သွား ဒေါနတောင်တက်လမ်း လမ်း‌ဟောင်းအား ပြန်လည်အသုံးပြုသွားလာနေ

ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေ စီးဆင်းမှုကြောင့် မြဝတီ – ကော့ကရိတ်သွား အာရှလမ်းမပေါ်ရှိ တောနော်ရေတံခွန်အနီးတွင် လမ်းပြိုကျသွားခဲ့သဖြင့် ဖြတ်သန်းသွားလာသူများသည် ယခင် ဒေါနတောင်တက် ကားလမ်းအဟောင်းအား ယနေ့ သြဂုတ် (၈) ရက်မှ စတင်ကာ ပြန်လည်အသုံးပြုသွားလာလျက်ရှိကြောင်း သိရသည်။

“အရင်လမ်းဟောင်းဖြစ်တဲ့ ဒေါနတောင်ကားလမ်းကိုပဲပြန်သုံးနေရတာပေါ့။ အဲဒီလမ်းက အရင်က အတက်တစ်ရက်၊ အဆင်းတစ်ရက်သွားရတဲ့ ကားလမ်းပါ။ လမ်းအတော်ကျဥ်းတယ်။ အခုလည်း ကားလေးတွေပဲ သွားလို့ရတယ်။ ကားကြီးတွေကတော့ သွားလို့အဆင်မပြေဘူး”ဟု အဝေးပြေးခရီးသည်တင်ကားမောင်းသူ တစ်ဦးကပြောသည်။

ပြန်လည်အသုံးပြုသွားလာနေသည့် ဒေါနတောင်ကားလမ်းသည် အသုံးပြုခြင်းမရှိသည်မှာ ကြာမြင့်ပြီဖြစ်၍ ပျက်စီးမှုများဖြစ်ပေါ်လျက်ရှိသော်လည်း မဖြစ်မနေသွားလာရမည့်သူများမှာ ယင်းလမ်းပိုင်းကို မဖြစ်မနေအသုံးပြုသွားလာရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ လမ်းပြိုကျမှုကြောင့် ပျက်စီးသွားသည့် အာရှလမ်းနေရာအား တာဝန်ရှိသူများက ဖြတ်သန်းသွားလာသူများ အဆင်ပြေစေရေးအတွက် ယာယီဘေလီတံတားထိုးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် ဒေါ်နတောငွကျော် လမ်းတစ်ခုဖြစ်သည့် ထို့ကော်ကိုးလမ်းပိုင်းတွင်လည်း တောင်ကျရေကြောင့် လမ်းပျက်စီးမှုများ ဖြစ်ပေါ်ကာ ဖြတ်သန်းသွားလာရန် အခက်အခဲများ ကြုံနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်း သိရသည်။

Photo-Saw OK

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာထုတ်ပြန်ခဲ့

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းဝင်ခွင့်ရသူများစာရင်းအား သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ပညာရေးဝန်ကြီးဌာန၏ website ဖြစ်သော www.moe.gov.mm နှင့် အဆင့်မြင့်ပညာဦးစီးဌာန website ဖြစ်သည့် www.dhe.gov.mm တို့တွင်ကြေညာပေးထားကြောင်း သိရသည်။

နေပြည်တော်တွင် မီးသတ်တပ်ဖွဲ့၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြသ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မီးသတ်ဦးစီးဌာန၊ ဗဟိုမီးသတ်စခန်းတွင် ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက မီး သတ်ဦးစီးဌာနတွင်ဖွဲ့စည်းထားသော ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှု ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ပြသခဲ့ကြကြောင်း သိရသည်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒု-ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် နိုင်ငံတော်မှဝယ်ယူဖြည့်တင်းပေးခဲ့သည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးယာဉ်/စက်ပစ္စည်းကိရိယာများနှင့်အတူ ငလျင်ဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်မှု ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များကို သရုပ်ပြသခဲ့ကြကြောင်း သိရသည်။ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးချိန်တွင် နိုင်ငံတကာရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရမှုများအပေါ် သုံးသပ်ချက်၊ သင်ခန်းစာဖော်ထုတ်ချက်များအရ...

မန္တလေးတက္ကသိုလ် ရာပြည့် အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးကို ဒီဇင်ဘာ ၂၁ ရက် က စတင်ပြီး ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တံဆိပ်ခေါင်းသစ်ကို နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် စတင်ရောင်းချမည့် ဒီဇင်ဘာ (၂၁) ရက်နေ့၌ ဝယ်ယူသည့် စာပို့တံဆိပ်ခေါင်းများပေါ်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071