Wednesday, May 6, 2026

တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင် လျှောက်ထားရန်...

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့လိုသည့် ကုမ္ပဏီအသစ်များအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOI) တင်ပြရန်...

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် Smart...

ရက်ပေါင်း (၁၀၀)အတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့ရှိ ကျောင်းများ၌ Pilot Project အနေဖြင့် ဆောင်ရွက်သွားရန်...

ဟံသာဝတီယူနိုက်တက်အသင်း ပဲခူးမြို့ Grand Royal...

လာမည့် ၂၀၂၆-၂၀၂၇ မြန်မာနေရှင်နယ်လိဂ် (MNL) ရာသီသစ်တွင် ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် ပဲခူးမြို့ Grand Royal Stadium ကို အိမ်ကွင်းအဖြစ် အသုံးပြုနိုင်ရန်အတွက်...

ဘားအံမြို့၌ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့်စက်သုံးဆီများရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် စက်သုံးဆီများကို ယနေ့ မေ ၆ ရက်နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်း၌ရောင်းချပေးခဲ့ကြောင်း သိရသည်။ သီးနှံစိုက်ခင်းများရေပြည့်ဝစွာရရှိရေးအတွက်...
HomeNewsLocal Newsစမ်းချောင်း မဟာမြိုင်မှတ်တိုင်အနီးတွင် ခရီးသည်တင်...

စမ်းချောင်း မဟာမြိုင်မှတ်တိုင်အနီးတွင် ခရီးသည်တင် YBS 21 ကားမီးလောင်မှုဖြစ်

ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်၊ပြည်လမ်းပေါ်ရှိ မဟာမြိုင်မှတ်တိုင်အနီးတွင် ခရီးသည်တင် YBS 21 ကား ဇူလိုင် ၂၇ ရက်(ယနေ့)နံနက် ၉ နာရီ ၅၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အခင်း ဖြစ်နေရာအနီးနေသူများထံမှ သိရသည်။

“ရုတ်တရက်မီးထလောင်တာ ခရီးသည်တွေလည်းဆင်းပြေးကြတာတွေ့တယ် မြေနီကုန်းတံတားအဆင်းက မဟာမြိုင်မှတ်တိုင်နားမှာဖြစ်တာပါ မီးသတ်တွေအချိန်မီရောက်လာပြီး ဝိုင်းငြိမ်းကြတာဆိုတော့ မီးလောင်ချိန်သိပ်မကြာဘူး”ဟု အခင်းဖြစ်နေရာအနီးနေသူတစ်ဦးကပြော သည်။

မီးလောင်မှုအား စမ်းချောင်းမြို့နယ်မီးသတ်စခန်းနှင့်ကျောက်တံတားမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁၀ နာရီတွင် မီးငြိမ်းသွားခဲ့ကာ မီး လောင်ရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo-CJ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင် လျှောက်ထားရန် ကုမ္ပဏီအသစ်များအား EOI ဖိတ်ခေါ်

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့လိုသည့် ကုမ္ပဏီအသစ်များအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOI) တင်ပြရန် ဖိတ်ခေါ်ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့ခွင့်ကို မြန်မာနှင့် တရုတ်နိုင်ငံအကြား ချုပ်ဆိုထားသော အပင်ကျန်းမာရေးဆိုင်ရာ သဘောတူစာချုပ် (Sanitary and Phytosanitary – SPS Protocol) ပါ စည်းကမ်းချက်များနှင့်အညီ နှစ်စဉ် စိစစ်မှတ်ပုံတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် Smart School & Football for School Program ဘဘောလုံးအားကစားသင်တန်းဖွင့်လှစ်

ရက်ပေါင်း (၁၀၀)အတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့ရှိ ကျောင်းများ၌ Pilot Project အနေဖြင့် ဆောင်ရွက်သွားရန် လမ်းညွှန်မှုအရတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် Football For School ဘောလုံးအားကစား သင်တန်းဖွင့်ပွဲအခမ်းအနားကို ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ကျ င်းပခဲ့ကြောင်းသိရသည်။ ယခုသင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသားများအနေဖြင့်လည်း နိုင်ငံတော်ရဲ့ ရည်မှန်းချက်များကို ခံယူချက်အပြည့်အဝနှင့် ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အခြေခံကောင်းများကို သင်ကြားပေးမည်ဖြစ်သည့်အတွက် ကြိုးစားသင်ယူကြရန်မှာကြားလိုကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသ ည်။ ထို့ပြင် နောက်ပိုင်းတွင်လည်း...

ဟံသာဝတီယူနိုက်တက်အသင်း ပဲခူးမြို့ Grand Royal Stadium ကို အိမ်ကွင်းအဖြစ်အသုံးပြုနိုင်ရန် ပြင်‌ဆင်နေ

လာမည့် ၂၀၂၆-၂၀၂၇ မြန်မာနေရှင်နယ်လိဂ် (MNL) ရာသီသစ်တွင် ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် ပဲခူးမြို့ Grand Royal Stadium ကို အိမ်ကွင်းအဖြစ် အသုံးပြုနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။ ဟံသာဝတီယူနိုက်တက် အသင်းအနေဖြင့် အိမ်ကွင်းပွဲစဉ်များ ကျင်းပခွင့်ရရှိရန်အတွက် လိုအပ်သည့် အဆောက်အအုံပိုင်းဆိုင်ရာများကို ပြန်လည်ဖြည့်ဆည်းနေသလို၊ အဓိကအကျဆုံးဖြစ်သည့် မြက်ခင်းပြင်ကိုလည်း နိုင်ငံတကာအဆင့်မီ အရည်အသွေးကောင်းမွန်ရန်ပြင်ဆင်နေကြောင်း သိရသည်။ ထို့ပြင် ပွဲကြည့် ပရိသတ်များ ဘေးကင်းလုံခြုံပြီးအဆင် ပြေစွာ အားပေးနိုင်မည့် အစီအစဥ်များအပြင် ရုပ်သံရို-က်ကူးရေးလုပ်ငန်းစဉ်များ ချောမွေ့စေရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။ ပဲခူးပရိသတ်များက "မြန်မာပြည်ရဲ့ လီဗာပူး"ဟု တင်စားခေါ်ဝေါ်ကြသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071