Thursday, June 26, 2025

ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ပူတင်...

ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် တူရကီသို့လာရောက်ရန် သဘောတူပါက မိမိလည်း တူရကီသို့ လာရောက်ရန် အဆင်သင့်ရှိကြောင်း အမေရိကန်သမ္မတ...

ဂျာမနီနှင့် ဖင်လန်နိုင်ငံတို့မှ ကြက်ခြေနီအသင်းများက ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများလွှဲ...

ဂျာမနီနိုင်ငံကြက်ခြေနီအသင်းနှင့် ဖင်လန်နိုင်ငံကြက်ခြေနီအသင်းတို့မှ မြန်မာနိုင်ငံကြက်ခြေနီအ သင်းကဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌အသုံးပြုရန် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများကို လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများအား ရန်ကုန်လေဆိပ်တွင် ဇွန် ၂၆...

မကြာမီရက်ပိုင်းအတွင်း အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ အမျိုးသမီး...

၂၀၂၆ အမျိုးသမီး အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲပြုလုပ်ရာမှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဇွန်(၂၉) ရက်၌ စတင်ကျင်းပတော့မည်ဖြစ်တာကြောင့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် မိုးထဲရေထဲ အပြင်းအထန်လေ့ကျင့်ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုခြေစစ်ပွဲစဉ်တွင်...

ဝါဆိုလပြည့်နေ့မှစ၍ ရွှေတိဂုံစေတီတော်တွင် တရားပွဲ၊ သီလခံယူပွဲ...

လာမည့် ဝါဆိုလပြည့်နေ့မှစတင်၍ ဝါတွင်းကာလအတွင်းရွှေတိဂုံစေတီတော်မြတ်ကြီးတွင် တရားပွဲ၊ သီလခံယူပွဲ နှင့် ဗုဒ္ဓပူဇနိယပွဲတော်များကျင်းသွားမည် ဖြစ်သည်ဟု သိရသည်။ ကျင်းပရန် စီစဉ်ထားမှုတွင် ဇူလိုင်လ ၉ ရက်(...
HomeNewsLocal Newsကြက်သွန်ဖြူ တစ်ပိဿာ ၁၀၀၀၀...

ကြက်သွန်ဖြူ တစ်ပိဿာ ၁၀၀၀၀ ကျပ်ကျော်အထိ ဈေးမြင့်တက်လာ

ပြည်တွင်း စားသောက်ကုန်ဈေးကွက်တွင် ကြက်သွန်ဖြူ တစ်ပိဿာ ၁၀၀၀၀ ကျပ်ကျော်အထိ မြင့်တက်လာကြောင်း ကြက်သွန်ဖြူရောင်းဝယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံဘက်မှ တင်သွင်းနေသည့် တရုတ်ကြက်သွန်ဖြူ (ကြူကုတ်) သည် ပြည်တွင်းစျေးကွက်အတွင်း ဝင်ရောက်မှုနည်းနေသည့်အတွက် ကြူကုတ်စျေးလည်း မြင့်တက်လာပြီး ပြည်တွင်းထွက် ကြက်သွန်ဖြူစျေးသည်လည်း ယခင်ကထက် ပိုမိုမြင့်တက်လာနေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

“ကြူကုတ်က အဝင်နည်းလို့တက်တာ။ ခုရက်ဆို ၆၉၀၀ လောက် ဖြစ်တယ်။ တရုတ်က အဝင်နည်းနေလို့ပါ။ တင်သွင်းရတာ အခက်အခဲရှိနေတာပေါ့။ ရှမ်းတွေက နည်းနည်းပြန်ကျတဲ့ သဘောရှိပေမယ့် အကြီးဆိုရင် ၈၃၀၀ ရှိနေသေးတယ်။ မနှစ်က အများဆုံးစျေးကမှ ၅၀၀၀ တောင်မရှိဘူး။ အခုက တအားကို မြင့်နေတာပေါ့။ လက်လီကတော့ ချက်ချင်းမကျဘူး။ ၃ ရက်လောက်နေမှပဲ ချရောင်းကြတာ” ဟု ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် တရုတ်ကြက်သွန်ဖြူသည် ရန်ကုန်ကုန်စည် ဒိုင်ပေါက်စျေးအနေဖြင့် တစ်ပိဿာလျှင် ကျပ် ၇၀၀၀ ဝန်းကျင်သာရှိသော်လည်း ပြင်ပလက်လီစျေးကွက်တွင် ကျပ် ၉၀၀၀ အထိရှိနေကြောင်းနှင့် ရှမ်းပြည်ထွက်ကြက်သွန်ဖြူသည် ကုန်စည်ဒိုင်စျေးတွင် ကျပ် ၈၅၀၀ ဝန်းကျင်ရှိပြီး လက်လီစျေးကွက်၌ တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ ကျော်အထိ စျေးနှုန်းရှိနေကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက တရုတ်ကြက်သွန်ဖြူ တစ်ပိဿာလျှင် လက်လီစျေးကွက်၌ ကျပ် ၇၀၀၀ မှ ၈၀၀၀ စျေးရှိပြီး ရှမ်းကြက်သွန်ဖြူစျေးနှုန်းမှာ ကျပ် ၈၀၀၀ မှ ၉၀၀၀ ဝန်းကျင်ရှိခဲ့ကြောင်းသိရသည်။

ကြက်သွန်ဖြူကို ပြည်ပတင်ပို့မှုအနေဖြင့် တစ်နှစ်ကို တန်ချိန် ၃၀၀၀၀ ဝန်းကျင်တင်ပို့မှုရှိကြောင်း၊ အများဆုံးတင်ပို့မှုသည် တာချီလိတ် ကုန်သွယ်ရေးစခန်းမှတဆင့် တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ကြက်သွန်ဖြူကို ပြည်တွင်းစိုက်ပျိုးမှုအနေဖြင့် ရှမ်းပြည်နယ်တွင် နှစ်စဉ်စိုက်ပျိုးဧက သောင်းနှင့်ချီ စိုက်ပျိုးလေ့ရှိပြီး အဓိကအနေဖြင့် အောင်ပန်း၊ တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဟိုပုံးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ကျန်မြို့နယ်များတွင် အနည်းငယ်စိုက်ပျိုးမှုရှိကြောင်း သိရသည်။

ကြက်သွန်ဖြူကို နှစ်စဉ်အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးလေ့ရှိပြီး ဖေဖေါ်ဝါရီလနှင့် မတ်လတွင် သီးနှံစတင်ရိတ်သိမ်းလေ့ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ပူတင် တူရကီသို့လာလျှင် ထရမ့်လည်း လာမည်ဟုဆို

ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် တူရကီသို့လာရောက်ရန် သဘောတူပါက မိမိလည်း တူရကီသို့ လာရောက်ရန် အဆင်သင့်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပြောကြားခဲ့သည်ဟု တူရကီသမ္မတ တာရစ်ပ် အာဒိုဂန်က The Hague တွင်ကျင်းပသော NATO ထိပ်သီးအစည်းအဝေးမှ ပြန်လာပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့သည်။ "ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်ကတော့ ကျွန်တော်တို့နိုင်ငံမှာ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ကျင်းပပြီး ကြာမြင့်စွာစောင့်မျှော်နေတဲ့ ငြိမ်းချမ်းရေးကို ရရှိဖို့ပါပဲ" ဟု အာဒိုဂန်က ပြောကြားခဲ့သည်။ "The Hague မှာ ကျွန်တော်တို့...

ဂျာမနီနှင့် ဖင်လန်နိုင်ငံတို့မှ ကြက်ခြေနီအသင်းများက ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများလွှဲ ပြောင်းပေးအပ်

ဂျာမနီနိုင်ငံကြက်ခြေနီအသင်းနှင့် ဖင်လန်နိုင်ငံကြက်ခြေနီအသင်းတို့မှ မြန်မာနိုင်ငံကြက်ခြေနီအ သင်းကဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌အသုံးပြုရန် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများကို လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများအား ရန်ကုန်လေဆိပ်တွင် ဇွန် ၂၆ ရက်က ဂျာမနီနိုင်ငံကြက်ခြေနီအသင်းမှ Ms. Pone Nyet Khaing နှင့် ဖင်လန်နိုင်ငံကြက်ခြေနီအသင်းမှ Ms.Hannaleena Pölkki တို့မှလွှဲပြောင်းပေးအပ်ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လက်ထောက်အထွေထွေအတွင်းရေးမှူးဒေါ်အိအိထွေးနှင့် တာဝန် ရှိသူများကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။ ဂျာမနီနိုင်ငံကြက်ခြေနီအသင်းမှ Family Tents , Shelter Tool Kits (Type 1 ,2...

မကြာမီရက်ပိုင်းအတွင်း အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ အမျိုးသမီး အာရှဖလား ခြေစစ်ပွဲစဉ်

၂၀၂၆ အမျိုးသမီး အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲပြုလုပ်ရာမှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဇွန်(၂၉) ရက်၌ စတင်ကျင်းပတော့မည်ဖြစ်တာကြောင့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် မိုးထဲရေထဲ အပြင်းအထန်လေ့ကျင့်ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုခြေစစ်ပွဲစဉ်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် အုပ်စု(ဂ)၌ အိမ်ရှင်မြန်မာအသင်းနှင့်အတူ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်၊ ဗဟိုအာရှအသင်းတစ်သင်းဖြစ်သည့် တက်ခ်မင်နစ္စတန်၊ အရှေ့အလယ်ပိုင်းနိုင်ငံ ဘာရိန်း အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ ယခုခြေစစ်ပွဲသည် အုပ်စုအတွင်း တစ်သင်းတည်းသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည့်အတွက် ပြိုင်ဘက်အသင်း အားလုံးကို အနိုင်ကစားပြီး အိမ်ကွင်း ပရိသတ်အားပေးမှုနှင့် အခွင့်အရေး ယူသွားနိုင်ရန်လိုအပ်ကြောင်း MFFက မြန်မာပရိတ်သတ်အား နှိုးဆော်ထားသည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071