ပထမဆုံး K-pop နိုင်ငံတကာ အထက်တန်းကျောင်းကို စင်္ကာပူ၌ ဖွင့်လှစ်တော့မည်

0
117

စင်ကာပူ၊ ဇူလိုင် ၇

အရှေ့တောင်အာရှဒေသ အတွင်းရှိ K-pop အဆိုတော် ဖြစ်လာရန် ဆန္ဒပြင်းပြသူများသည် မကြာမီ BTS မှ ဂျောင်ကု၊ Blackpink မှ ဂျီဆူးနှင့် Exo မှ ကိုင်တို့ တက်ရောက်ခဲ့သော ကျောင်းမှ K-pop ပညာရပ်များကို သင်ယူနိုင်တော့မည် ဖြစ်သည်။

အဆိုပါ နာမည်ကျော် အဆိုတော်များအပြင် ဘေ ဆူဇီ၊ ဝန်ယောင်းနှင့် ဂျွိုင်း တို့ကို မွေးထုတ်ပေးခဲ့သော ဆိုးလ် အနုပညာကျောင်း (Sopa) သည် စင်ကာပူ ရာဖဲလ် ဂီတကောလိပ် (SRMC) နှင့် ပူးပေါင်းကာ ပထမဆုံး K-pop နိုင်ငံတကာ အထက်တန်းကျောင်းကို စင်ကာပူနိုင်ငံ၌ ဖွင့်လှစ်သွားမည် ဖြစ်သည်။

အဆိုပါ အဖွဲ့အစည်း နှစ်ခုသည် Sopa-SRMC ကျောင်း ဖွင့်လှစ်ရန်အတွက် နားလည်မှုစာချွန်လွှာကို ဆိုးလ်မြို့တွင် လက်မှတ်ရေးထိုးခဲ့သည်။ Sopa-SRMC ကျောင်းသည် အရှေ့တောင်အာရှနှင့် အထူးသဖြင့် စင်ကာပူမှ ကျောင်းသားများကို လက်ခံသွားမည်ဖြစ်ကာ K-pop အထူးပြု ပညာရေးကို သင်ကြားပို့ချပေးသွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် စင်ကာပူ၌ လာရောက်လေ့လာလိုသော ကိုရီးယားကျောင်းသားများကိုပါ လက်ခံသွားမည်ဟု ပြောထားသည်။

အဆိုကျောင်းရှိ အတန်းများကို Sopa မှ ဆရာ၊ ဆရာမများက ဦးဆောင်၍ အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသွားမည် ဖြစ်သည်။ ကျောင်းအပ်ခြင်းနှင့် ကျောင်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

Source: Straitstimes


LEAVE A REPLY

Please enter your comment!
Please enter your name here