ပါကစ္စတန်၌ မုတ်သုန်မိုးသည်းထန်စွာရွာသွန်း၊သေဆုံးသူ ၁၈ ဦးရှိလာပြီဖြစ်

0
157

အစ္စလာမာဘတ်၊ဇူလိုင် ၆

ပါကစ္စတန်၌ ပြီးခဲ့သည့်နွေရာသီက ရေကြီးရေလျှံမှုအကြီးအကျယ်ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၁,၇၉၃ ယောက်သေဆုံးကာ ၃၃ သန်းသော ပြည်သူများသည် ရေဘေးဒဏ်ကိုခံခဲ့ရသည်။

ယင်းဖြစ်စဉ်အပြီးတစ်နှစ်အကြာ ယခုရက်ပိုင်းအတွင်း၌လည်း မုတ်သုန်မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် လူသေဆုံး၊ထိခိုက်ဆုံးရှုံးမှုများရှိလာပြီဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

ပြီးခဲ့သည့်အပတ်ကမိုးသည်းထန်စွာစတင်ရွာသွန်းခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် တစ်ပတ်အတွင်းသေဆုံးသူ ၁၈ ဦးရှိလာပြီဖြစ်ကြောင်းသိရှိရသည်။တောင်အာရှနိုင်ငံပါကစ္စတန်၌ မုတ်သုန်ရာသီသည် ယခုတစ်ပတ်မှစတင်ကာ စက်တင်ဘာလအထိကြာမြင့်မည်ဟုလည်းဖော်ပြထားသည်။

ပါကစ္စတန်နိုင်ငံ၏လာဟိုမြို့၌ လွန်ခဲ့သည့်နှစ် ၃၀ က ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ဖူးသေးသည်ဟုတာဝန်ရှိသူများကပြောကြားခဲ့သည်။ပါကစ္စတန်မြို့တော် အစ္စလာမာဘတ်၌လည်း ယခုတစ်ပတ်အတွင်းမိုးရေချိန်များစွာရရှိခဲ့သဖြင့် အာဏာပိုင်များက ရေကြီးမှုနှင့်မြေပြိုမှုများအတွက်ကြိုတင်ပြင်ဆင်ထားရန် ဒေသခံများအားသတိပေးထားကြောင်းသိရသည်။

ပြီးခဲ့သည့်နွေရာသီကဖြစ်ပေါ်ခဲ့သည့် ပြင်းထန်သောရေလွှမ်းမိုးမှုများကြောင့် ပါကစ္စတန်၌ ကန်ဒေါ်လာ သန်း ၃၀ တန်ဖိုးခန့်ပျက်စီးခဲ့သေးသည်။

Source : AP


LEAVE A REPLY

Please enter your comment!
Please enter your name here