နေတိုးအဖွဲ့ထဲရောက်လာမည့် ဆွီဒင်ကို စိတ်လှုပ်ရှားစွာ စောင့်နေဟု သမ္မတဘိုင်ဒင်ပြောကြား

0
187

ရုရှား၏စစ်ဆင်နွှဲမှုကို ဆန့်ကျင်ကြသည့် အနောက်မဟာမိတ်အဖွဲ့ကို အားကောင်းစေမည့် တူညီသောရည်မှန်းချက်များအရ ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ထဲဝင်ရောက်လာမည်ကို ကျန်အဖွဲ့ဝင်အားလုံးက စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြကြောင်း ဆွီဒင်ဝန်ကြီးချုပ်နှင့် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံစဉ်တွင် သမ္မတဘိုင်ဒင်က ပြောကြားခဲ့သည်။

နေတိုး အဖွဲ့ထဲသို့ ဆွီဒင်ကို ပေါင်းထည့်ခြင်းမှ ရရှိနိုင်သည့် အလားအလာရှိသော အကျိုးကျေးဇူးများကို အိမ်ဖြူတော်၌ ၎င်းတို့၏တွေ့ဆုံရာတွင် နှစ်ဦးစလုံးက အလေးပေးပြောကြားခဲ့သည်။

“ကျွန်ုပ်တို့ဖက်ကလည်း ပံ့ပိုးပေးစရာတွေ ရှိမယ်လို့ ထင်ပါတယ်” ဟု ဆွီဒင်ဝန်ကြီးချုပ် မစ္စတာ ခရစ်စတာဆန်က သမ္မတဘိုင်ဒင်ကို ပြန်လည်ပြောကြားခဲ့သည်။

ဆွီဒင်သည် ပြီးခဲ့သည့်နှစ်က ယူကရိန်း-ရုရှားစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေတိုးအဖွဲ့တွင် ပါဝင်ရန် ကြိုးပမ်းခြင်းဖြင့် ဆယ်စုနှစ်များစွာရပ်တည်ခဲ့သော ကြားနေအဖြစ်မှ ခွဲထွက်ခဲ့သည်။

ဟန်ဂေရီမှလွဲ၍ ကျန်နေတိုးမဟာမိတ်အဖွဲ့ဝင်တိုင်းက ဆွီဒင်၏အဖွဲ့ဝင်ဖြစ်မှုကို အတည်ပြုထားပြီးဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here