အမေရိကန်သမ္မတ အိမ်ဖြူတော်၏ အနောက်ဖက်ခြမ်း(West Wing)တွင် ကိုကင်းမှုန့်များ တွေ့ရှိ

0
224

အမေရိကန်သမ္မတအိမ်ဖြူတော် အနောက်ဖက်ခြမ်း(West Wing)ရှိ အလုပ်ဧရိယာအတွင်း ကိုကင်းဟု ယူဆရသည့် အဖြူရောင်အမှုန့်များကို လျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့်များက ရှာဖွေတွေ့ရှိပြီးနောက် တနင်္ဂနွေညနေပိုင်းတွင် အိမ်ဖြူတော်အား ယာယီပိတ်ထားခဲ့သည်။

အိမ်ဖြူတော်ရှိ ဥပဒေစိုးမိုးရေးအဖွဲ့ဝင်များကို စုံစမ်းစစ်ဆေးခွင့်ပြုရန်တောင်းဆိုခဲ့ပြီး၊ တွေ့ရှိပစ္စည်းများကို ကိုလံဘီယာခရိုင် မီးသတ်ဌာနက ကူညီစစ်ဆေးအကဲဖြတ်ပေးခဲ့ကြောင်း လျှို့ဝှက်ထောက်လှမ်းရေးဌနက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မီးသတ်ဌာနက ကနဦးအကဲဖြတ်ပြီးနောက် “အန္တရာယ်မရှိဟု အမြန်ဆုံးဖြတ်ခဲ့သည်” ဟု လျှို့ဝှက်ထောက်လှမ်းရေး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အများအားဖြင့် အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ကြသော လေ့လာသူများနှင့် အဖွဲ့ဝင်များသည် အရှေ့ဖက်ခြမ်းသို့သာ သွားရောက်လည်ပတ်ခွင့်ရှိသည်။ သမ္မတ၊ ဒုတိယသမ္မတနှင့် အခြားအကြီးတန်းအုပ်ချုပ်ရေးအရာရှိများ၏ရုံးခန်းများရှိရာ အိမ်ဖြူတော် အနောက်ဖက်ခြမ်း(West Wing)သို့ သွားရောက်လည်ပတ်ခွင့်မပြုပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here