Friday, May 1, 2026

ဘန်ကောက်၏ အပူညွှန်းကိန်း အလွန်အမင်း အန္တရာယ်များသော...

ကြာသပတေးနေ့တွင် ဘန်ကောက်မြို့၏ အပူညွှန်းကိန်းသည် ယခုရာသီတွင် ပထမဆုံးအကြိမ်အဖြစ် အလွန်အမင်းအန္တရာယ်ရှိသောဇုန်သို့ ဝင်ရောက်ခဲ့ပြီး အပူချိန် ၅၂ ဒီဂရီဆဲလ်စီးယပ်စ်ထက်မြင့်မားခြင်း သို့မဟုတ် ယင်းပမာဏနှင့် ညီမျှသော...

ထိုင်း ၆၃၅ ဦးကို ဖနွမ်းပင်က...

ကမ္ဘောဒီးယား အာဏာပိုင်များသည် ထိုင်းနိုင်ငံ ဘန်တေး မီးချေး ပြည်နယ်တွင် ထိုင်း နိုင်ငံသား ၆၃၅ ဦး ကို ကြာသပတေးနေ့တွင် တရားမဝင်...

ညောင်ရွှေမြို့နယ်တွင် မီတာယူနစ်များမှန်ကန်စေရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုပပျေ-ာက်ရေး ကွင်းဆင်းစစ်ဆေးမှုစတင်

​ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူများ လစဉ်မီတာယူနစ်များတိကျမှန်ကန်စေရန်နှင့် ဓာတ်အားလေလွင့်မှုလျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးဖတ်ရှုခြင်းကို ယနေ့ မေ ၁ ရက်မှစတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ညောင်ရွှေမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများ၊...

ရေပေးဝေသည့်ကိစ္စ စကားများရာမှ မောင်ဖြစ်သူက အစ်မအရင်းအား...

​ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် ရေပေးဝေသည့်ကိစ္စဖြင့် မောင်နှမချင်းစကားများရာမှ မောင်ဖြစ်သူက အစ်မရင်းဖြစ်သူအား ပေါက်တူးဖြင့်ရို-က်နှ-က်သ-တ်ဖြ-တ်ခဲ့မှု ဧပြီ ၃၀ ရက်ည ၈ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကျောက်တန်းမြို့နယ်၊...
HomeNewsLocal Newsဝိသမ လောဘသမားများ၏ ငွေကြေးကစားမှုနှင့်...

ဝိသမ လောဘသမားများ၏ ငွေကြေးကစားမှုနှင့် နိုင်ငံရေးအမြတ်ထုတ်မှုများကြောင့် ကုန်ဈေးနှုန်းများကြီးမြင့်နေကြောင်း နစက ဥက္ကဋ္ဌ ပြော

ပြည်တွင်း၌ ရွှေဈေး၊ ဒေါ်လာဈေး ၊ စက်သုံးဆီဈေး၊ စားသုံးဆီဈေး ၊ သားငါးဈေး၊ သွင်းအားစုဈေးများအပါအဝင် အခြေခံကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းမှာ ဝိသမလောဘသားများ၏ ငွေကြေးကစားမှုနှင့် နိုင်ငံရေး အမြတ်ထုတ်မှုများကြောင့်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယမန်နေ့က ပြုလုပ်သည့် အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး အစည်းအဝေး၌ အမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ဝိသမ လောဘသမားများရဲ့ ငွေကြေးကစားမှုများနဲ့ နိုင်ငံရေးအရ အမြတ်ထုတ်လိုမှုများကြောင့် ကုန်ဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းထက် ဈေးနှုန်းမြင့်မားနေတယ်လို့ ယူဆရပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်မားနေခြင်းနှင့် ဝယ်လိုအား ရောင်းလိုအား မညီမျှမှုသည်လည်း ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၏ အကြောင်းအရင်းတစ်ခုအနေဖြင့် ရှိနေကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက ဖြစ်ပေါ်ခဲ့သည့် ဒေါ်လာဈေး မတည်ငြိမ်မှု ဂယက်ကြောင့် ပြည်တွင်း၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ တဟုန်ထိုးမြင့်တက်ခဲ့ရာမှ လက်ရှိအချိန်ထိ ပြန်လည်ကျဆင်းခြင်း မရှိသေးဘဲ အမြင့်ပိုင်းတွင်သာ ရှိနေဆဲဖြစ်သည်။

ယင်းကဲ့သို့ ဆန်ဈေးနှုန်း၊ စားသုံးဆီဈေးနှုန်း အပါအဝင် သားငါး ဈေးနှုန်းများပါ မြင့်တက်နေမှုသည် အခြေခံပြည်သူလူထုအတွက် စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်ပေါ်စေပြီး ဝေဖန်မှုများလည်း ရှိနေသည်။

အဆိုပါ အခက်အခဲများအား ဖြေရှင်းနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးမြင့်လုပ်ဆောင်ပြီး စားရေးလိုအပ်ချက်ကို လုံလောက်စွာ ထုတ်လုပ်ကာ ဝယ်လိုအားနှင့် ရောင်းလိုအား မျှတစေရေး ဦးစားပေးလုပ်ဆောင်ကြရန် တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား မှာကြားခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် နိုင်ငံအတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုမှ လျှော့ချနိုင်ရန် ဆောင်ရွက်ရာတွင် ရှိသင့်ရှိထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရန်အတွက် ကုန်ထုတ်လုပ်မှု စွမ်းအားများ မြင့်မားလာရန်လည်း လိုအပ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသွားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘန်ကောက်၏ အပူညွှန်းကိန်း အလွန်အမင်း အန္တရာယ်များသော အဆင့်သို့ ရောက်ရှိ

ကြာသပတေးနေ့တွင် ဘန်ကောက်မြို့၏ အပူညွှန်းကိန်းသည် ယခုရာသီတွင် ပထမဆုံးအကြိမ်အဖြစ် အလွန်အမင်းအန္တရာယ်ရှိသောဇုန်သို့ ဝင်ရောက်ခဲ့ပြီး အပူချိန် ၅၂ ဒီဂရီဆဲလ်စီးယပ်စ်ထက်မြင့်မားခြင်း သို့မဟုတ် ယင်းပမာဏနှင့် ညီမျှသော အပူဒ-ဏ်ကိုခံစားရသကဲ့သို့ဖြစ်ကြောင်း မြို့တော်အုပ်ချုပ်ရေးအဖွဲ့က သတိပေးခဲ့သည်။         ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့(BMA) က နံနက် ၇ နာရီခွဲတွင် ယင်းသို့ သတိပေးချက်ထုတ်ပြန်ခဲ့ကာ နေ့လည်ပိုင်းအချိန်များတွင် ပြင်ပလှုပ်ရှားသွားလာမှုများကို ရှောင်ရှားကြရန် လူထုကို တိုက်တွန်းခဲ့သည်။       ခံနိုင်ရည်အားနည်းသော အုပ်စုဝင်များအနေဖြင့် မိမိကိုယ်ကိုယ် အထူးဂရုစိုက်သင့်ကြောင်းလည်း BMA က ပြောကြားခဲ့သည်။      ထိုအုပ်စုဝင်များထဲတွင် အသက် ၅ နှစ်အောက် ကလေးငယ်များ၊ အသက် ၆၀...

ထိုင်း ၆၃၅ ဦးကို ဖနွမ်းပင်က ပြည်နှင်ဒ-ဏ်ပေး

ကမ္ဘောဒီးယား အာဏာပိုင်များသည် ထိုင်းနိုင်ငံ ဘန်တေး မီးချေး ပြည်နယ်တွင် ထိုင်း နိုင်ငံသား ၆၃၅ ဦး ကို ကြာသပတေးနေ့တွင် တရားမဝင် အွန်လိုင်း လှည့်ဖြားမှုနှင့် နိုင်ငံဖြ-တ်ကျော် ရာဇ၀တ်မှု ကွန်ရက်များနှင့် ချိတ်ဆက်မှုဖြင့် ပြည်နှင်ဒ-ဏ်ပေးခဲ့သည်။ "ကမ္ဘောဒီးယားဥပဒေနဲ့အညီ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြန်ပို့တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ နောက်ထပ် သံသယရှိသူ ၃၀ ဦးကို ဖမ်းဆီးထားပါတယ်။ ကမ္ဘောဒီးယားမှာ စွဲချက်တင်ထားတဲ့ ပြစ်မှုတွေနဲ့ ပတ်သက် ပြီးတော့ ကမ္ဘောဒီးယားမှာ ဆက်လက် တရားစွဲမှာပါ" ဟု...

ညောင်ရွှေမြို့နယ်တွင် မီတာယူနစ်များမှန်ကန်စေရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုပပျေ-ာက်ရေး ကွင်းဆင်းစစ်ဆေးမှုစတင်

​ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူများ လစဉ်မီတာယူနစ်များတိကျမှန်ကန်စေရန်နှင့် ဓာတ်အားလေလွင့်မှုလျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးဖတ်ရှုခြင်းကို ယနေ့ မေ ၁ ရက်မှစတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ညောင်ရွှေမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများ၊ ၆၆-ကေဗွီ ဓာတ်အားခွဲရုံများမှ ကျွမ်းကျင်ဝန် ထမ်းများက အဖွဲ့များခွဲ၍ ယနေ့ မေ ၁ ရက်မှ မေ ၅ ရက်အထိကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ​လစဉ်ဓာတ်အားသုံးစွဲယူနစ်များမှန်ကန်မှုရှိစေရေး၊ မီတာပြဂဏန်းများကို ပိုဖတ်ခြင်း/လိုဖတ်ခြင်းများ မရှိစေရေး၊ ​တရားမဝင်ဓာတ်အားသုံးစွဲမှုများအားစစ် ဆေးဖော်ထုတ်ခြင်းနှင့် ​ဓာတ်အားပျောက်ဆုံးမှုလျော့ နည်းကျဆင်းစေရေးတို့ကို အဓိကထားဆောင်ရွက်လျက်ရှိသည်။ ထိုသို့ မီတာများဖတ်ရှုရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် သုံးစွဲသူများယုံကြည်မှုရှိစေရန်အတွက် မီတာဖတ်ရှုပြီးစီးမှုအပေါ် အိမ်ရှင်များက ကိုယ်တိုင်မြင်တွေ့သိရှိကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071