ဂျပန်နိုင်ငံသည် ငလျင်နှင့် မုန်တိုင်းများ တိုက်ခိုက်ခံရချိန်တွင် ပြည်သူများအား အစားအစာနှင့် သောက်စရာများကို အလကား ထုတ်ပေးသွားမည့် အကြွေစေ့ထည့် အရောင်းစက်များကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုအနေဖြင့် နိုင်ငံတစ်ဝန်း စတင် တပ်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိတွင်မူ အင်အားပြင်း ငလျင်ကြီးဒဏ်ကို ခုခံနိုင်စွမ်းမရှိသည့် အနောက်ပိုင်း ကမ်းရိုးတန်းမြို့ အေကို၌ အဆိုပါ အရောင်းစက် နှစ်ခုကို တပ်ဆင်ထားပြီဖြစ်သည်။
ထိုအရောင်းစက်များ၌ အာဟာရ ဖြည့်စွက်စာများ အပါအဝင် တစ်စက်လျှင် အချိုရည်ဘူးနှင့် ရေသန့်ဘူးပေါင်း ၃၃၀ ခန့်နှင့် အရေးပေါ် စားစရာပစ္စည်း ၁၅၀ ခန့် ပါဝင်မည်ဖြစ်ပြီး ၎င်းတို့ကို သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ခိုလှုံရာ အဆောက်အအုံများ အနီး၌ ထားရှိသွားမည်ဖြစ်သည်။
ဂျပန် သတင်းစာ မိုင်းနီချီ ရှင်းမ်ဘွန်း၏ ဖော်ပြချက်အရ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ပတ်သတ်၍ သတိပေးချက်များ ထုတ်ပြန်ချိန် သို့မဟုတ် အဆင့် ၅ ထက်ကျော်သော ငလျင်များ လှုပ်ခတ်ပြီးနောက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ချိန်များ၌ ထိုစက်ထဲရှိ အစားအသောက်များကို သော့ဖွင့်၍ အခမဲ့ ရယူသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
အထက်ဖော်ပြပါ အခြေအနေများမှ လွဲ၍ ကျန်ရှိသော အချိန်များတွင်မူ အစားအသောက်များကို ပိုက်ဆံပေးသွင်း၍ စားသုံးရမည်ဟုလည်း သတင်းစာ၌ ဖော်ပြထားသည်။
ငလျင်ဒဏ် မကြာခဏခံရလေ့ရှိသော ဂျပန်သည် ယခုနှစ်အစောပိုင်းလများတွင်လည်း အရေးပေါ် သတိပေးချက်များကို အလိုအလျောက် ကြေညာပေးသည့် ရေဒီယိုများပါသော အကြွေစေ့ထည့် အရောင်းစက်များကို တိုကျိုပန်းခြံ၌ တပ်ဆင်ခဲ့ကြောင်း သိရသည်။
Source:WION